Tuesday, March 13, 2012

Posted by manphosan | File under :
ကဲ...ဒို့ကရင်တွေ အခုအရေးကြီးတဲ့အခြေအနေရောက်နေပါပြီး။ ကြံ့ဖွံ့အစိုးရက ဒို့ကရင်တွေကိုစိန်ခေါ်
လိုက်ပါပြီး။ တစ်ဖက်ငြိမ်းချမ်းရေး၊ တစ်ဖက်သူတို့လုပ်ချင်သလိုလုပ်တယ်။ ဒါ တိုင်းရင်းသားညီညွတ်ရေးတဲ့
လား။ ဒို့ခေါင်းဆောင်ကေအင်ယူတွေ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ။ နောက်ပြီး ဒို့ကရင်တွေ အမြဲတွေဝေနေ
တုန်းပဲလား။ ဒို့ ကရင်တွေအရေးတကြီးဆုံးဖြတ်ချက်တစ်ခုချရမည့်အချိန်ရောက်ပြီးထင်တယ်။

"ဒို့ကရင်တွေအတွက် အရေးကြီးတဲ့အချိန်တစ်ခုရောက်နေပြီ
လို့ပဲ ကျနော်ပြောချင်ပါတယ်"


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်းဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အင်းစိန်ထောင်တွင်းတွင် အင်္ဂါနေ့က စီရင်ချက် ချမှတ်လိုက်သည်။

မတရားအသင်းဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့်င့် ထောင် ၃ နှစ်၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) ဖြင့် တသက်တကျွန်း တို့ကို တပေါင်းတည်း ချမှတ်လိုက်ကြောင်း မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က မဇ္ဈိမကို ပြောသည်။

ရက်ပေါင်း ၆၀ အတွင်း ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အယူခံဝင်မည်ဟုလည်း ဦးကြီးမြင့် က ဆိုသည်။

မန်းငြိမ်းမောင်မှာ ၁၉၆၇ တွင် ကရင် လူငယ်ခေါင်းဆောင် တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို ခံရပြီး နာမည်ကြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးကာ လှေတစင်းဖြင့် ထွက်ပြေး လွတ်မြောက်လာခဲ့ဖူးသည်။

0 comments:

Post a Comment