Thursday, April 5, 2012

Posted by manphosan | File under :
DVB = Published on April 5, 2012 by ​အေး​နိုင်

ကရင်အမျိုး​သား​အစည်း​အရုံး​ ကိုယ်စား​လှယ်​တွေဟာ မနက်ဖြန်ကျရင် ပြည်​ထောင်စု အဆင့်​ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ကြမယ်လို့​ ရန်ကုန်မြို့​ရောက် ​ကေအန်ယူကိုယ်စား​လှယ်အဖွဲ့​ ​ပြောခွင့်​ရသူ ​စောကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

ကေအဲန်ယူအဖွဲ့​ဟာ ဇန်နဝါရီလက ပြည်နယ်အဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲမှာ အပစ်အခတ်ရပ်ထား​ဖို့​ ပဏာမသ​ဘောတူခဲ့​ပါတယ်။ ဒါ​ပေမယ့်​ နှစ်ဖက် အ​သေး​စိတ် နှစ်ဖက်လိုက်နာကြရမယ့်​ ကျင့်​ဝတ်ချမှတ်​ရေး​ကိစ္စ အပါအဝင် အပစ်ရပ်​ရေး​ အ​သေး​စိတ် အချက်အလက်​တွေကို မ​နေ့​က ပြည်နယ်အဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ ​ဆွေး​နွေး​ခဲ့​ကြသလို မနက်ဖြန်မှာလည်း​ ထပ်မံ​ဆွေး​နွေး​မယ်လို့​ ​စောကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

“အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ လိုက်နာ​ဆောင်ရွက်ရမယ့်​ စည်း​ကမ်း​ အချက်အလက်​တွေကိုလည်း​ ဒီအ​ပေါ်မှာလည်း​ ပါတယ်။ ဒီအချက်အလက်ထဲမှာ လူထု​ရေး​ရာနဲ့​ ပတ်သက်ပြီး​ ဆက်စပ်​နေတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်​နေတဲ့​ ​ဒေသမှာ လုယက်မှု ခံစား​နေရတဲ့​ ဒုက္ခ​တွေ၊​ ​ပြောင်း​ရွှေ့​မှု​တွေ၊​ စစ်​ရေး​အတွက်​ကြောင့်​ အဓမ္မ ခိုင်း​စေမှု​တွေ၊​ ဒါ​တွေကို အဓိက ​ဆွေး​နွေး​သွား​မယ်ဆိုတာ ခုန ကျ​နော်​ပြောသလိုပဲ စစ်​ရေး​ရပ်ဆဲတာ​တော့​ သ​ဘောတူထား​ပြီး​ပြီ။ လိုအပ်တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​တွေအတွက် မနက်ဖြန်မှာ ထပ်​ဆွေး​နွေး​သွား​မယ်။”

ကေအန်ယူ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန် ဦး​ဆောင်တဲ့​ ကရင်ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီလ ၈ ရက်​နေ့​ကျရင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံနိုင်ဖို့​ စီစဉ်ထား​သလို ကျန်နိုင်ငံ​ရေး​ပါတီ​တွေက ကိုယ်စား​လှယ်​တွေနဲ့​လည်း​ ​တွေ့​ဆုံဖို့​ စီစဉ်ထား​တယ်လို့​ ​စောကွယ်ထူး​ဝင်း​က ​ပြောပါတယ်။

0 comments:

Post a Comment