Tuesday, March 13, 2012

Posted by manphosan | File under :
Irrawady

ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်ကို ယနေ့နေ့လယ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက တသက်တကျွန်းနှင့်ထောင် ၃ နှစ် ပြစ်ဒဏ် ချမှတ်လိုက်သည်။

KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)

နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ အရ တသက်တကျွန်း၊ မတရားအသင်း ပုဒ်မ ၁၇/၁ အရ ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်း ဖြစ်ပြီး ပြစ်ဒဏ်များကို တပေါင်းတည်း ကျခံစေရမည်ဟု အမိန့်ချမှတ်ကြောင်း မန်းငြိမ်းမောင် ၏ ရှေ့နေ ဦးကြီးမြင့်က ဧရာဝတီသို့ ပြောသည်။

“အခုလို အစိုးရ တာဝန်ရှိသူတွေက တရားမစွဲဘူး ပြောပြီး တသက် တကျွန်းချတော့ စိတ်ထိခိုက်တဲ့ အမူအယာတွေ တွေ့ရတယ်”ဟု ၎င်းကဆိုသည်။

KNU ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်သည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ချို့ယွင်းမှု အနည်းငယ်ရှိသူ ဖြစ် ကြောင်း၊ ဆေးကုသမှု ခံယူရန် လိုအပ်ကြောင်းလည်း ဦးကြီးမြင့်က ပြောပြသည်။

“သူက အခုနောက်ပိုင်း ဘာပဲမေးလိုက်မေးလိုက် ဟုတ်တယ် ဟုတ်တယ်ချည်းပဲပြောနေတယ်၊ စိတ်ခံစားမှု မရှိတော့ဘူး”ဟု ၎င်းက ဆက်ပြောသည်။

ဦးကြီးမြင့်က ဖဒိုမန်းငြိမ်းမောင်နှင့် ထပ်မံတွေ့ဆုံကာ ရက်ပေါင်း ၆၀ အတွင်း အယူခံတင်သွင်းနိုင်ရန် ဆက်လက်ကြိုးပမ်းမည်ဖြစ် သည်ဟုလည်း ဆိုသည်။

မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တရုတ်ပြည် ကူမင်းလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီး အရေးယူ ခံခဲ့ ရသည်။

ထို့နောက်၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တပေါင်းတည်းကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ သည်။

လွတ်မြောက်ရန်၂၂ ရက်အလို ပြီးခဲ့သည့် ဇန်န၀ါရီ၂ ရက်နေ့တွင် မတရားအသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ် သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက် တင် တရားစွဲခဲ့ခြင်းဖြစ်သည်။

အစိုးရက ဖဒိုမန်းငြိမ်းမောင်အား စစ်ဆေးနေစဉ်ကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးကူညီရန် မီးရထား ၀န်ကြီး ဦးအောင်မင်းက လာရောက် အကူအညီတောင်းခံခဲ့ကြောင်း၊ ထိုသို့ ကူညီလျှင် တရားစွဲဆိုခြင်း ပြုမည်မဟုတ်ဟုလည်း ပြောကြားမှုရှိကြောင်း၊ ထိုကြောင့် KNU နှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်စေရန် ကူညီခဲ့ကြောင်းသိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ဧရာဝတီက KNUအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဒု ဥက္ကဋ္ဌ ဒေးဗစ်သာကပေါက“သူတို့ ထောင်ချ လိုက် ပြီ ဆိုပေမယ့် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ်လို့ ပြောထားတာကို စောင့်ကြည့်ရမယ်၊ ကျနော်တို့နဲ့ အစိုးရနဲ့ ပြော ထားပြီးသား ရှိတယ်”ဟု ပြောဆိုသည်။

ထို့အပြင် ဖဒိုမန်းငြိမ်းမောင်အား လွှတ်ပေးမှသာလျှင် KNUနှင့် အစိုးရ အကြား ငြိမ်းချမ်းရေးတည်ဆောက်မှုများ အောင်မြင်မည်ဖြစ် ကြောင်း၊ လွှတ်မပေးလျှင် နှစ်ဦးနှစ်ဘက်အကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်၍ ရတော့မည်မဟုတ်ကြောင်း လည်း ဒေးဗစ်သာကပေါက ပြောသည်။


ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်

DVB

နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။


ပဒို မန်းငြိမ်းမောင်

ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အြမင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျေန်ာတို့က မေကျနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။”

ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကေန တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကေန မြန်မာပြည် ပြန်ပို့ခံရြပီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။ သူ့ကို နိုင်ငံတော် ပုန်ကန်မှု၊ တရားမဝင် အသင်းအဖွဲ့တွေနဲ့  ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ စီရင်ထားတာပါ။

ပဒိုမန်းငြိမ်းမောင်ဟာ မိခင်အဖွဲ့အစည်းအြဖစ်တဲ့ ကေအန်ယူနဲ့ အစိုးရအြကား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ထောင်ထဲကေန အြကံပေး ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမိအြပီးမှာ အစိုးရနဲ့ ကေအန်ယူအြကား နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ပွဲကို အပစ်အခတ် ရပ်ထားဖို့ ပဏာမ သေဘာတူညီချက် ရခဲ့ပါတယ်။

ဒီဖြစ်ထွန်းမှုတြွေကာင့် ကနဦးပိုင်းက အစိုးရ ပြည်ထောင်စုဝန်ကြီး တဦးက ပဒိုမန်းငြိမ်းမောင်ကို ပြန်လည် လွတ်မြောက်မှာပါလို့ ထုတ်ပြောထားဖူးပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို လက်ရှိကာလ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလ အြေခအေနအရပါ လွှတ်ပေးသင့် ပါတယ်လို့ သူ့ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ကျေန်ာတို့ဘက်က တင်ထားတာတော့ လွှတ်ပေးဖို့ပေါ့။ လွှတ်ပေးနိုင်တဲ့ အချက်အလက်တွေ ရှိတယ်။ ဘာလို့လည်းဆိုတော့ ၁ အချက် တရားစွဲဆိုမှု မှားတယ်။ တရားစွဲဆို ခွင့်ပြုမိန့်တွေကလည်း လိုအပ်နေတယ်။ နောက်တခါ ဖြစ်ရပ် တခုတည်းပေါ်မှာ အမှု ၂ မှု စွဲလို့မရဘူး။ စွဲမယ်ဆိုရင်လည်း နောက် တမှုကို အြပစ်မေပးရဘူး။ ဒါက ဥပေဒေတွပဲ၊ ဒါကြောင့် ဥပေဒအရ လွှတ်ပေးသင့်တဲ့ အြေကာင်းပါ။

နောက် အြေကာင်းချင်းရာအရ လွှတ်ပေးသင့်တဲ့ အြေကာင်းတွေကေတာ့ အခုလို ကေအန်ယူ အဖွဲ့အစည်းကလည်း ပဏာမ လက်မှတ် ရေးထိုးထားတယ်။ သေနတ်ကိုင် ထားတယ်။ ကေအန်ယူ အဖွဲ့ကြီးက ခွဲထွက်သွားတဲ့ အဖွဲ့ ၅ ဖွဲ့ လောက်ကလည်း ငြိမ်းချမ်းရေး လက်မှတ် ထိုးထားတယ်။ သေနတ်ကိုင်ထားတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေက အတူတူပဲ။ အဲဒီလို အတူတူမှာ ကေအန်ယူအဖွဲ့က လူကြီး တေယာက်ကို ဒီလိုကွက်ပြီး အြပစ်ပေးတယ်ဆိုရင် တရားမျှတမှု ရှိမှာမဟုတ်ဘူး။ နောက် ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးအတွက် ကူညီပါဆိုလို့ တတ်နိုင်သမျှ သူ ကူညီခဲ့တယ်။ အြကံဥာဏ်တွေ ပေးခဲ့တယ်။ အဲဒီ အေပ်ါမှာ တရားမစွဲပါဘူးလို့ ပြောပြီးမှ အခုလို တရားစွဲခဲ့တယ်။ အဲဒါကလည်း အခုလို ငြိမ်းချမ်းရေး ယူနေတဲ့ ကာလမှာ ဒီလို မြဖစ်သင့်ဘူး။ ဒါကြောင့် ဒီအချက်အလက်တွေအရ လွှတ်ပေးသင့်တယ် ဆိုပြီး ဥပေဒအရ၊ အြေကာင်းချင်းရာ အရေကာ ဒီလိုတော့ ပြောထားတာပေါ့။ အမှန်ကေတာ့ လွှတ်ပေးသင့်တဲ့ အမှုပေါ့။”

ပဒိုမန်းငြိမ်းမောင်အေနနဲ့ အမှုကို အယူခံတင်ဖို့ ဆန္ဒ ရှိ၊ မရှိကို မေးမြန်းပြီး ဆန္ဒ ရှိတယ် ဆိုရင် အယူခံတင်ရေး ဆက်လက် ဆောင်ရွက်မယ်လို့ ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောပါတယ်။

ကေအန်ယူ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုဒေးဗစ်ထောကေတာ့ ပဒိုမန်းငြိမ်းမောင် အမှုမှာ ဆက်လက်ပြီး အယူခံနိုင်တာ၊ သမ္မတထံ အသနားခံစာ တင်နိုင်တာမျိုးတွေ ဥပေဒြေကာင်းအရ ဆက် ရှိနိုင်သလို ကေအန်ယူအေနနဲ့လည်း ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်လို့ ပြန်လည် လွတ်မြောက်မယ်လို့ ယုံကြည်တဲ့အြေကာင်း ပြောပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ ဗဟို ကော်မတီဝင် တဦးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ အသက် ၇၀ ဝန်းကျင်ခန့် ရှိပြီ ဖြစ်ပြီး ပျိုရွယ်စဉ်တုန်းကလည်း နိုင်ငံရေး လှုပ်ရှားမှုတြွေကာင့် ကိုကိုးကျွန်းမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရဖူးပါတယ်။

0 comments:

Post a Comment