Thursday, April 5, 2012

Posted by manphosan | File under :
Powered by BBC



ဘားအံရောက် ကေအန်ယူငြိမ်းချမ်းရေးအဖွဲ့ဝင်များ

ဘားအံရောက် ကေအန်ယူငြိမ်းချမ်းရေးအဖွဲ့ဝင်များပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် ကရင်ပြည်နယ် ဘားအံကို ရောက်နေတဲ့ ကေအင်ယူငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့ ဧပြီလ ၃ ရက်နေ့ အင်္ဂ࿿ါ နေ့ က ဘားအံမှာ အကြိုတွေ့ဆုံခဲ့ပြီး နှစ်ဖက် စစ်တပ်တွေ နေရာချထားရေး နဲ့ ဆက်ဆံရေးရုံး ဖွင့်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ကေအန်ယူ ပြောခွင့်ရ နော်မေဦးက ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၄ ရက်နေ့ ဗုဒဟူးနေ့ မနက်မှာတော့ ကေအင်ယူငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အဖွဲ့ ဟာ ကရင်ပြည်နယ်က လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ ၊နိုင်ငံရေးအဖွဲ့တွေနဲ့ မြို့ခံလူထုတွေ အပါအဝင် လူပေါင်းတထောင် နီးပါးနဲ့ တွေ့ဆုံပြီး အစိုးရနဲ့ လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး အစီစဉ်တွေကို ချပြခဲ့သလို ရှေ့ဆက်မှာလည်း လူထုတွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လို လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ နော်မေဦးက ပြောပါတယ်။ဒီကေနေ့ ကြာသပတေးနေ့မှာတော့ ကေအန်ယူအဖွဲ့ဟာ ရန်ကုန်ကို ရောက်နေပြီဖြစ်တယ်။

သောကြာနေ့မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ စီဒိုးနား ဟိုတယ်မှာ တရားဝင် ဆွေး နွေး ကြမှာဖြစ်တယ်။ကေအင်ယူငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ ကို ကေအန်ယူအထွေထွေ အတွင်းရေးမှုး နော်စီဖိုးရာစိန် နဲ့ ကေအန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က ဦးဆောင်သွားတာဖြစ်တယ်။လာမဲ့ ၈ ရက်နေ့ တနဂင်္နွေနေ့ ကျရင် ကေအင်ယူငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဉက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံမှာဖြစ်ပြီး မြန်မာနိုင်ငံက ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကိစ္စတွေ ပြောဆိုကြဖို့ရှိတယ်လို့ ကေအင်ယူငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက ဘီဘီစီကို ပြောပါတယ်။

0 comments:

Post a Comment