Monday, April 2, 2012

Posted by manphosan | File under :
DKBA မှ B အဓိပ္ပါယ် ပြောင်းလဲဖွင့်ဆို

ဖနိဒါ | သောကြာနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၈ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် Democratic Karen Benevolent Army (DKBA) ဟူ၍ ဧပြီလ ၄ ရက်နေ့က ပြောင်းလဲလိုက်ကြောင်း တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူး စောလုံ့လုံက ပြောသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သော DKBA ညီလာခံတရပ်ကို ၎င်းတို့၏ ဌာနချုပ် ရှိရာတွင် ကျင်းပပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြပြီးနောက် ထိုကဲ့သို့ တပ်အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဧပြီလ ၁-၂ ရက်နေ့များက မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ဗုဒ္ဓဘာသာနှင့် ခရိယာန်ခေါင်းဆောင်များ၊
နိုင်ငံရေး သမားများနှင့် DKBA ခေါင်ဆောင်များ ပါဝင်ဖွဲ့စည်းလိုက်သော ကလူထူးဘော ကရင်အစည်းအရုံး KKO ၏ မူနှင့် လိုက်လျောညီထွေ ရှိစေရန် ပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးစောလုံ့လုံက ပြောသည်။

“ကျနော်တို့ DKBA က B တလုံးရဲ့အဓိပ္ပါယ်က Buddhist ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် အဓိပ္ပါယ် အသစ်ဖွဲ့စည်း ပြီးတော့ KKO ရဲ့ ရည်မှန်းချက်နဲ့အညီ အမည်ပြောင်းလိုက်တာပါ။ ခေတ်နဲ့အညီ ဒီမိုကရေစီကို အထူးပြုတဲ့ အဖွဲ့အစည်းပဲ။ ဗုဒ္ဓဘာသာကို အထူးပြုတဲ့အဖွဲ့အစည်းတော့ မဟုတ်တော့ဘူး”ဟု မဇ္စျိမကို ပြောသည်။

ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၏ မူများဖြစ်သည့် ကရင်အမျိုးသားများ၏ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာကို ဖန်တီးရေး၊ ကရင့်အမျိုးသား လက္ခဏာများကို ထိန်းသိန်း စောင့်ရှောက်သွားရန် ဆိုသည့်အချက်များအပေါ် အခြေခံ၍ KKO အား ဖွဲ့စည်းထားသည်ဟု ဆိုသည်။

KKO ကို ဥက္ကဋ္ဌအဖြစ် မန်းရောဘတ်ဇန် နှင့် ဒုဥက္ကဋ္ဌအဖြစ် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး၊ အထွေထွေ အတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက် အတွင်းရေးမှူး(၁) နော်ကော်သူးလေလားဖိုး၊ တွဲဘက် အတွင်းရေးမှူး(၂) ဗိုလ်မှူး စောလုံ့လုံနှင့် ဌာနဆိုင်ရာတာဝန်ခံ ၁၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အင်အား ၁၅ဝဝ ခန့်ရှိသော DKBA တပ်များသည် ဒေါနတောင် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကလိုထူးပေါ၊ ကော့ကရိတ်မြို့နယ် ကလိုထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်ဘွဲ့-ဖာပွန်နယ်စပ်ရှိ ကလူထူးလား စသည့်နယ်မြေများရှိ တပ်ရင်းပေါင်း ၁၁ ရင်းရှိသည်ဟု စောလုံ့လုံက ပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလ ၃ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်ဆိုင်းပြီးနောက် ဌာနချုပ်တွင် စာသင်ကျောင်းနှင့်
ဆေးခန်းများကို စတင်ဆောက်လုပ်ပေးရန် စီစဉ်နေသော်လည်း စီးပွားလုပ်ငန်းကိုမှု အကန့်အသတ်ဖြင့်သာ လုပ်ကိုင်
နေရသည်ဟု ဆိုသည်။

DKBA ကို ၁၉၉၄ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနဲ့
KKO ဟုပြောင်းလဲဖွဲ့စည်းလိုက်သည်။ ကျနော့်အမြင်အနေနဲ့ ပြောင်းလဲသင့်တဲ့အဖွဲ့အစည်းအမည်တစ်ခုပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ DKBA ဆိုတာ ဘာသာရေးကို extremely အစွန်းရောက်စေတဲ့ ကိုယ်စားပြုနာ
မည်တစ်ခုနဲ့တူပါတယ်။ တကယ်တော့ အမျိုးသားရေးလုပ်တယ်ဆိုတာ ဘာသာရေးနဲ့ဆက်ဆပ်လို့မရပါဘူး။
အမျိုးသားရေးမှာ ဘာရေးရောနှောဝင်ရောက်လာရင် အပြိုပြိုအကွဲကွဲဖြစ်နိုင်တယ်ဆိုတာ သင်္ခန်းစာလေး
ယူစေချင်တယ်။ ကျနော်ကတော့ ဘာသာရေးနဲ့အမျိုးသားရေးကို မခွဲတတ်တဲ့လူတွေကို အရမ်းရွံရှာပါတယ်။

ဘာသာရေးဆိုတာ ကိုယ့်စိတ်ထဲမှာကိုးကွယ်ရမယ့်အရာ၊ နောက်ပြီးတော့ လူတစ်ဦးတစ်ယောက်က သူယုံကြည်

ရာကို သူယုံကြည်နိုတယ်၊ ကိုးကွယ်နိုင်တယ်။ အပြင်းအထန်သူများတွေကို သွတ်သွင်းတာမျိုးမဖြစ်သင့်ဘူး။
အခုကျနော်ပြောချင်တာက DKBA ဆိုတဲ့နာမည်သည် ပြင်ဆင်သင်တဲ့နာမည်တစ်ခုလို့ မြင်တယ်။ အခု
လဲပြင်ဆင်လိုက်တော့ ပိုပြီးတော့လဲ နိုင်ငံရေးဖက်မှာဝင်ဆန့်လာနိုင်တယ်။

နောက်ပြီး KKO အဖွဲ့အစည်း
သစ်အနေနဲ့ ကိုယ့်အဖွဲ့အစည်းကိုခိုင်မာအောင်လုပ်ရင်းနဲ့ တဖက်က
ကိုယ့်မိခင် KNU ရဲ့လုပ်ဆောင်
ချက်တွေကိုလဲ လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရမယ်။ မိခင်
KNU အနေနဲ့လဲကိုယ့်ကရင်လူမျိုး များတိုးတက်ရာတိုးကြောင်းကို မှန်မှန်ကန်ကန်နည်းစနစ်တွေကို
အသုံးပြုပြီး လုပ်ဆောင်မယ်ဆိုရင် ဒို့ကရင်တွေအချိန်မနှောင်းသေးပါဘူး။အဖွဲ့အစည်းတွေများတယ်
ဆိုပေမယ့် ရန်သူ့လက်ကွက်ကို
ရောက်မသွားသေးဘူးရင် ကိုယ့်လူမျိုးအတွက်အားကိုးရာတစ်ခုဖြစ်
မှာအမှန်သေချာဖြစ်ပါတယ်။


(စောအဲအဲ)

DKBAကလို့ထူးဘောမှ နိုင်ငံရေးKKOဖွဲ့စည်း ဧပြီ ၃ရက်၊၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ကျေး ရွာ၊ သူးမွဲခီးဘုန်းတော်ကြီးကျောင်းတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)ကလို့ထူးဘောအဖွဲ့မှ ဦးစီးကျင်းပသည့် လူထုအစည်းအဝေးတွင် ကလို့ထူးဘော ကရင်အစည်းအရုံး(KKO) အား ယမန်နေ့က စတင် ဖွဲ့စည်းလိုက်သည်။

ဧပြီလ ၁ရက်နေ့မှ ၂ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ၎င်းလူထုအစည်းအဝေးသို့ တက်ရောက်လာ သည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူနှင့် စစ်ဘက်ဆိုင်ရာ တပ်မှူးတပ်သားများက ဖွဲ့စည်းပုံများရေးဆွဲပြီး ယခုလို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

၎င်း KKOအဖွဲ့အား ဥက္ကဌအဖြစ် မန်းရောဘတ်ဇန်၊ ဒု-ဥက္ကဌ ဗိုလ်ချုပ်မိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အ တွင်းရေးမှူး(၁) နော်ကော်သူးလေလားဖိုး၊ တွဲဘက်အတွင်းရေးမှူး(၂) ဗိုလ်မှူးလုံ့လုံနှင့် ဌာနဆိုင်ရာတာဝန်ခံ ၁၄ဦးဖြင့် ရွေးကောက်တင် မြှောက်ခဲ့သည်ဟု KKO က ပြောသည်။

KKO အဖွဲ့၏ တွဲဘက်အတွင်းရေးမှူး (၂)ဗိုလ်မှူးလုံ့လုံက “ကလို့ထူးဘောတပ်က ရှိတုန်းပါပဲ။ သို့သော် တပ်နဲ့ လက်တွဲရမဲ့ အဖွဲ့အစည်း ရှိရမယ်။ အဲဒီအဖွဲ့အစည်းက လွှတ်တော်မှာ နိုင်ငံရေးအရ သွားရောက်ဆွေးနွေးဖို့ ဖြစ်လာမယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ဒီ KKO အဖွဲ့အစည်းကို ကျနော်တို့ ဖွဲ့စည်းလိုက်တာပါ”ဟု ပြောသည်။

KKO အဖွဲ့အား ဦးဆောင်ကြီးကြပ်ရန် ဆရာတော် ဦးသုဇန၊ ရမ်ဘိုဆရာတော်၊ ရဟန်းတော် အရှင် ဦးက္ကန္ဒက၊ ရဟန်းတော် ဦးစန္ဒိမာ၊ သိက္ခာတော်ရ ဆရာတော် Rev.Fr.Mahn Justin၊ သိက္ခာတော်ရ ဆရာတော် စောသာဝါး၊ သိက္ခာတော်ရ ဆရာတော်အယ်ဒါး၊ ဗိုလ်ချုပ် စောလားပွယ်၊ မန်းသာစိန်နှင့် ဒုဗိုလ်မှူးကြီး စောဖောဒို၊ ဖူးနော်ဝေး(စောမောသို)တို့အား ရွေးကောက်တင်မြှောက်ခဲ့သည်ဟု အစည်းအ ဝေးအပြီးတွင် KKOမှ ထုတ်ပြန်ကြေညာခဲ့သည်။

KKO အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)အား မိခင်အဖွဲ့အစည်းအဖြစ်ခံယူပြီး ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူ(၄)ချက်ကို ခိုင်မြဲစွာဆွဲကိုင်ကာ ကရင်အမျိုးသားများ၏ ဂုဏ်သိက္ခာ၊ ကရင့်တန်ဖိုးနှင့် ကရင်အမျိုးသား လက္ခဏာများကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စုတည်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် အကောင်အထည်ဖော် လုပ်ကိုင်သွားမည့်အပြင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု၊ စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုများကို လုံးဝခွင့်မပြု၊ မှုယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင် စီများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လူထုအစည်းအဝေးသို့ မြို့နယ် ၁၀မြို့နယ်မှ လူထုကိုယ်စားလှယ်နှင့် လေ့လာသူ ၅၀၀ကျော်၊ ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ ခရစ်ယာန် သိက္ခာတော်ရ ဆရာတော်များ၊ မဟာမိတ်များဖြစ်ကြသည့် NLD-LA, BLC, FTUB, NCUB, AASYC နှင့် SSA-N တို့မှ ကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြသည်။

DKBA အဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းရုံး (KNU) မှ ခွဲထွက်ကာ အစိုးရနှင့် ၁၅နှစ်ကြာ လက်တွဲခဲ့ပြီး ၂၀၁၀ခုနှစ် သြဂုတ်လတွင် နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အများစုက လက်ခံခဲ့ကြသည်။

သို့သော် ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်သည့် DKBA ကလို့ထူးဘောဗျူဟာအဖွဲ့ကမူ နယ်ခြားစောင့်တပ်ကို လက်မခံဘဲ စစ်အစိုးရ၏ ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ကာ နိုဝင်ဘာလ (၈)ရက်နေ့တွင် အစိုးရအား ပြန်လည်ခုခံတော်လှန်ခဲ့ပြီး နိုဝင်ဘာလ ၃ရက်နေ့တွင် ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်လှယ်အဖွဲ့တို့နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပဏာမ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။



ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်


ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (DKBA သည်၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ၄င်းတို့၏ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် နာမည်အစား ကလို့ထူးဘော ကရင်အဖွဲ့အစည်း (Klohhtoobor Karen Organization - KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။

အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။

0 comments:

Post a Comment