Tuesday, April 3, 2012

Posted by manphosan | File under :
DVB by ​အေး​နိုင်



ဗိုလ်မှူးချုပ်စောလားဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မေတာ် (ဒီကေဘီအေ)က ကလို့ထူးဘော ကရင်အစည်းအရုံး (ကေကအို)လို့ အမည်ပေးထားတဲ့ နိုင်ငံရေးအဖွဲ့တခုကို မေန့က တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။

ဗိုလ်မှူးချုပ်စောလားဘွယ်ကေတာာ့ မူလတာဝန်အတိုင်း ကလို့ထူးဘော ဒီကေဘီအေရဲ့ စစ်ဦးစီး ချုပ် အဖြစ်ဆက်တာဝန်ထမ်းမှာဖြစ်ပြီး အသစ်ဖွဲ့တဲ့ ကလိုထူးဘော ကရင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ကရင်အမျိုးသား ခေါင်းဆောင် မန်းဘဇံရဲ့သားကြီး မန်းရောဘတ်ဇံက တာဝန်ယူမှာပါ။

ကေကအို တွဲဘက်အတွင်းရေးမှူး (၂) ဗိုလ်မှူးစောလုံ့လုံက “ကျေန်ာတို့အေနနဲ့ တကယ်လို့များပေါ့နော်။ လွှတ်တော်မှာ တက်ရောက် စကားပြောမယ့်အချိန် ရောက်လာမယ်ဆိုလို့ရှိရင် အဆင်သင့်ဖြစ်အောင် ကေကအိုဆိုတဲ့ အဖွဲ့အစည်းကိုဖွဲ့ပြီး ပါဝင်နိုင်အောင် ကြိုတင်ပြီးတော့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျေန်ာတို့ ဒီကေဘီအေ ကလိုထူးဘော စစ်တပ်အေနနဲ့ ပြောင်းသွားတဲ့ပုံစံတော့ မဟုတ်သေးဘူး။ ဒါနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ဘာမှမချရေသးဘူး။ မကြာခင် တပ်မှူး ညီလာခံလုပ်မယ်။ လုပ်ပြီးတော့မှ ဘာတွေများ သေဘာထား ပြောင်းမလဲ၊ မဆုံးဖြတ်ရေသးဘူး ခင်ဗျ။”

ဒီကေဘီအေ ဌာနချုပ် မြ၀တီခရိုင် ဆုံဆည်းမြိုင်ရွာမှာ ဘာသာရေးခေါင်းဆောင်တွေ၊ ကရင်လူထုနဲ့ ကရင်နိုင်ငံရေးအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ မေန့က လူထုဆန္ဒခံ ယူပွဲမှာ ကေကအို အဖွဲ့ ရဲ့  ဖွဲ့စည်းပုံကို ဆွေးနွေးအတည်ပြုခဲ့တယ်လို့ လည်းပြောပါတယ်။

ကေကအိုအဖွဲ့ ဗဟိုကော်မတီမှာ မန်းရောဘတ်ဇံက ဥက္ကဌ၊ ဗိုလ်ချုပ် စောမိုရှေးက ဒု – ဥက္ကဋ္ဌ၊ အတွင်းရေးမှူးက စောဂုဏ်အောင်တို့ ရွေးကောက်ခံရပါတယ်။

ကလိုထူးဘော ဒီကေဘီအေဟာ နဂိုက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ခွဲထွက်တဲ့ အဖွဲ့ဖြစ်ပါတယ်။ နအဖ အစိုးရ ဆင်းကာနီးမှာ စီစဉ်ခဲ့တဲ့ တိုင်းရင်းသား အပစ်အခတ်ရပ်အဖွဲ့တွေ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး စီမံချက်ကို လက်မခံပယ်ချပြီး တိုက်ပွဲတွေပြန်ဖြစ်ရာက ဒီနှစ်ဆန်းမှာမှ အစိုးရနဲ့ ပြန်ပြီး အပစ်အခတ် ရပ်သေဘာတူညီချက် ရခဲ့ပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ကလို့ထူးဘော ဒီကေဘီအေအဖွဲ့ဟာ မကြာသေးခင်ကလည်း ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ကေအန်ယူ- ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့တွေနဲ့ တွေ့ဆုံပြီး အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးရင် တသံတည်း ထွက်နိုင်အောင် ကြိုးပမ်းခဲ့ကြပါတယ်။

0 comments:

Post a Comment