အောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနောက်ဆုံးနေ့ ပွဲစဉ်တွေကို ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ မှာ ကျင်းပ ပြုပ်လုပ်ခဲ့ပြီး အောင်လံဆုအတွက် ဗိုလ်လုပွဲ ၄ ပွဲနဲ့ စိန်ခေါ်ပွဲ ၄ ပွဲ စုစုပေါင်း ပွဲစဉ် ၈ ပွဲ ပါဝင်ခဲ့ပါတယ်။
ဝမ်ချိုင်းနှင့် ရွှေဝါထွန်းဒဂုံရွှေအောင်လံ ဗိုလ်လုပွဲတွေ အကြောင်းမပြောခင် ပရိသတ်အြကိုက် တွေ့ခဲ့တဲ့ စိန်ခေါ်ပွဲစဉ်ကို ဦးစွာ တင်ပြလိုပါတယ်။ မြန်မာပြည် ချန်ပီယံဟောင်းတွေ ဖြစ်ကြတဲ့ သထုံရွှေဝါထွန်းနဲ့ ဝမ်ချိုင်း(မြဝတီ)တို့ရဲ့ ပွဲစဉ်ကို ပရိတ်သတ် စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပီး စောင့်ကြည်ရကျိုးနပ်ခဲ့တဲ့ ပွဲစဉ်တပွဲ ဖြစ်ခဲ့ပါတယ်။မြန်မာပြည် ချန်ပီယံအြဖစ် ၁၂ နှစ်တိုင် ရပ်တည်ခဲ့သူ ရွှေဝါထွန်းဟာ အသက် ၅၀ ကျော်ပြီ ဆိုပေမယ့် သူ့ရဲ့ လက်ဝှေ့ အရည်အသွေး မပျက်စီးသေးကြောင်း သက်သြေပ သွားနိုင်ခဲ့တယ်။ ရွှေဝါထွန်းရဲ့ ဘယ်ထောက် လက်သီးထိုးချက်တွေ လှပသေသပ်ဆဲ ဖြစ်သလို၊ ချုပ်ဒူးတိုက်ချက်၊ တံတောင်ရိုက်ချက်တွေကလည်း မြန်မာ့ရိုးရာလက်ဝှေ့ ဆိုတာ ဒါပါလားလို့ ငေးယူရလောက်အောင် ပညာသား ပါလှပါတယ်။ တချိန်က မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ အကောင်းဆုံးလူ ဖြစ်ခဲ့သူ ဝမ်ချိုင်းကလည်း ငယ်မူငယ်သွေးပြကာ ထိုးလုံးသတ်ကွက်
ကောင်းအခိျု့ကို ပြသနိုင်ခဲ့လို့ ၃ ချီ ယှဉ်ပြိုင်မှူအြပီးမှာ သရေပွဲအြဖစ် ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
စိန်ခေါ်ပွဲစဉ်များ ယှဉ်ပြိုင်အြပီး ဒုတိယတန်း ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲကို ဆက်လက် ကျင်းပရာမှာ တောင်ကလေးကလပ်ရဲ့
လက်ဝှေ့သမား ရွှေသိန်းအောင်က သပြေညို(ဘိလပ်မြေစက်ရုံ)ကို အမှတ်ပြတ်နဲ့ အနိုင်ရသွားပါတယ်။ သပြေညိုရဲ့ ညာဝိုက်လက်သီးကြောင့် ဒုတိယအချီမှာ ရွှေသိန်းအောင် အမှတ်စဉ် ရေတွက်ခံခဲ့ရပေမယ့် ကျန်အချီတွေမှာ လက်စဇဇွမ်းပြနိုင်ခဲ့လို့ ဒုတိယတန်းအောင်လံရှင် အြဖစ်ထိုက်ထိုက် တန်တန် ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။
အထူးဒဂုံရွှေအောင်လံဗိုလ်လုပွဲ ဒီခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ခဲ့ကြသူတွေက ဝင်းထွန်း(မြန်မာ)နဲ့ မာဆွတ်(အီရန်)တို့ဖြစ်ပါတယ်။ မာဆွတ်ဟာ ထိုင်းဘုရင့်ဖလား မွေထိုင်းပြိုင်ပွဲရဲ့ ချန်ပီယံတဦးလို့ သိရြပီး ပြီးခဲ့တဲ့နိုဝင်ဘာ ၄ ရက်နေ့က မန0x081တလေးမြို့မှာ စိုးလင်းဦးကို အသာစီးကနေ ယှဉ်ပြိုင်နိုင်ခဲ့လို့ ပရိတ်သတ် စိတ်ဝင်စားခံရတဲ့ လက်ဝှေ့သမား ဖြစ်ပါတယ်။နှောခါင်းရိုးကျိုးသွားသည့် မာဆွတ်ဒါပေမယ့် မာဆွတ်နဲ့ ဝင်းထွန်းတို့ရဲ့ ပွဲစဉ်ဟာ မျှော်လင့်သလို ပွဲကောင်းတပွဲ မြဖစ်ခဲ့ပါဘူး။ ပြိုင်ထိုး ဆိုင်ထိုးတာမျိုး မရှိခဲ့ဘဲ ချိန်ဆနေတာနဲ့ပဲ အချိန်ကုန်နေလို့ ကြိုးဝိုင်းဒိုင်ဟာ လက်ဝှေ့သမား ၂ ဦးလုံးကို အချိန်ဆွဲ မနေဘဲ ထိုးဖို့ သတိပေးမှူတွေ ပြုလုပ်ခဲ့ရပါတယ်။ စတုတ0x081ထ အချီမှာ နှစ်ဦးလုံးထွေး လဲကျရာမှာ ဝင်းထွန်းရဲ့ တံတောင်နဲ့ ထိမိပြီး မာဆွတ် နှာခေါင်းရိုးကျိုးသွားလို့ ဆေးရှုံးအြဖစ် အရှုံးပေးလိုက်ရပါတယ်။
ပထမတန်း ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲမှာတော့ ရုရှားလက်ဝှေ့သမား ဆာရီကော့ဗ်ကို မြန်မာလက်ဝှေ့သမား ရန်နိုင်အောင် မယှဉ်နိုင်အောင်ဖြစ်ခဲ့ပြီး မြန်မာ့လက်ဝှေ့ သိက0x081ခာ ကျရတဲ့ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဆာရီကော့ဗ်က လက်သီးတွဲလုံးတွေ၊ ဒူးတိုက်ချက်၊ တံတောင်ရိုက်ချက်တွေနဲ့ ရန်နိုင်အောင်ကို အထိနာစေခဲ့ပြီး အမှတ်နဲ့ ဆုံးဖြတ်ရာမှာ ဒိုင် ၅ ဦးလုံးရဲ့ အနိုင်ပေးမှုကို ရရှိပြီး ပထမတန်း ဒဂုံအောင်လံဆုကို ရယူသွားတာ ဖြစ်ပါတယ်။
အလွတ်တန်း ဒဂုံရွှေအောင်လံ ဗိုလ်လုပွဲ ၂၀၀၉ မှာ စတင်ကျင်းပခဲ့တဲ့ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ စောငမန်းဟာ ၃ ကြိမ်ဆက် ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း ချန်ပီယံဘွဲကို ဆက်ထိန်းနိုင်ခဲ့လို့ ၄ ထပ်ကွမ်း ချန်ပီယံ ဖြစ်လာပါတယ်။ ဒါပေမယ့် မက်ဆီဒိုးနီးယား လက်ဝှေ့သမားဒါဗစ်နဲ့ ယှဉ်ပြိုင်ရာမှာ စောငမန်းက အမှတ်ပြတ်နဲ့ အမှန်တကယ် အနိုင်ရသင့်သလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။စောငမန်းရဲ့ လက်သီးတွဲလုံးအခိျု့ ဒါဗစ်ကို ထိခဲ့ပြီး လူချင်းအပူးမှာ စောငမန်းရဲ့ ခေါင်းဆတ်မှုတွေကလည်း ထိရောက်မှုရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဗစ်ရဲ့ညာဝိုက်ကြောင် စောငမန်း ဘယ်မျက်လုံး ပိတ်လုဖြစ်ခဲ့တာ၊ လူချင်း ပူးသွားတိုင်း ဒါဗစ်ကသာ ကိုင်ပေါက်နိုင်ခဲ့တာတွေကြောင့် စောငမန်း အသာရတယ်လို့ မဆိုနိုင်ပါဘူး။
ဒါပေမယ့် အမှတ်ပေးဒိုင် ၅ ဦးလုံးက စောငမန်း အနိုင်အြဖစ် ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ဒီပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ မြန်မာလက်ဝှေ့ ဝါသနာရှင်တဦးကတော့ “စောငမန်း ကို အားလုံးက အနိုင်ပေးခဲ့တာ အံ့ဩစရာပါ။ မြန်မာလက်ဝှေ့မှာ ဖမ်းချုပ်ကိုင်ပေါက်တဲ့ သတ်ကွက်ကို ထိရောက်တဲ့ သတ်ကွက်အြဖစ် အမှတ်ပေးပါတယ်။ ဒါဗစ်က ငမန်းကို ၃ ကြိမ်လောက် ကိုင်ပေါက်ခဲ့တာ အားလုံး အသိပါ။ မြန်မာလက်ဝှေ့သမားတွေဟာ ဒီဒဂုံရွှေအောင်လံပြိုင်ပွဲမှာ လက်စွမ်းအရ နိုင်ငံခြားသားတွေကို အသာမရခဲ့တာ သိသာပြီး မြန်မာ အမှတ်ပေးဒိုင်တွေရဲ့ ဆုံးဖြတ်မှုကလည်း ဂုဏ်သ0x081ခိကာအရ အရှုံးပြခဲ့တယ်လို့ ဆိုရမှာပါ”လို့ ဖွင့်ဟသွားပါတယ်။
by နေမင်းသစ်
0 comments:
Post a Comment