Tuesday, February 28, 2012

Posted by manphosan | File under :
If you’ve decided you want to learn English, then you are obviously going to want to learn it in the fastest and easiest way possible. Don’t believe anyone selling you some product that says you can learn English in only a week. That kind of thing is always a lie. The good news is that there are some great methods for improving your English a lot in a relatively short amount of time.

သင် ဟာ အင်္ဂလိပ်စာ ကိုသင်မယ်လို့ဆုံးဖြစ်လိုက်ပြီဆိုတာနဲ့ ၊ ဘယ်လိုနည်းနဲ့မဆို မြန်မြန်နဲ့ အလွယ်ကူဆုံး တတ်အောင် ဘဲ သင် လေ့လာချင်မှာပါ။ တစ်ပတ်အတွင်းအင်္ဂလိပ်စာ အတတ်သင် ပေးမယ်ဆိုတဲ့ ကြော်ငြာတွေ ကိုတော့ သင် မယုံကြည် လိုက်ပါနဲ့၊ အဲ့ဒီလိုကြော်ငြာတာ က လိမ်ညာ မှုတစ်ခုပါဘဲ။ ဒါပေမယ့် သင်အတွက် သတင်းကောင်းတစ်ခုက တော့ အချိန်တိုတွင်းမှာ သင် အင်္ဂလိပ်စာ တိုးတက်အောင် လုပ်နိုင်တဲ့ နည်း လမ်း ကောင်း တွေ ရှိတယ်ဆိုတာပါဘဲ။

It is important that you avoid distractions while you are studying. It’s fun to have the TV on, look at your cell phone, and listen to music while you study. The problem is that you are only cheating yourself. It’s better to have a solid 15 minute study session per day than spend two hours a day while you are distracted and can’t focus. 15 minutes a day is not a big deal so just remember to do it right.

သင် အင်္ဂလိပ်စာ သင်ယူနေစဉ်မှာ သင် ဟာ ခေါင်းရှုတ်စရာ အကြောင်းအရာတွေ ကိုရှောင်ကြဉ်သင့်ပါတယ်။ သင် စာလုပ်နေစဉ်မှာ တီဗီ ကြည့်တာတို့ ၊ ဖုန်း ကို ဆော့ နေတာ မျိုး ဘဲ ဖြစ်ဖြစ်၊ သီချင်းနား ထောင် တာဘဲ ဖြစ်ဖြစ်ပြုလုပ်တာ က ပျော်စရာ ကောင်း ပေမယ့် သင် ကိုယ် သင် လိမ် နေ တာပါ။ အဲ့ဒီ လို စာ ကိုယ် အာရုံမစိုက်ဘဲ လုပ်နေတာ ထက် တစ်ရက်ကို ၁၅ မိနစ်လောက် ဘဲ ဖြစ်ဖြစ် ၊ ၁ ရက် မှာ ၂ နာ ရီ လောက် ကိုဖြစ် ဖြစ် အာရုံ မလွင့်ပြား ဘဲ လုပ်တာ က ပိုကောင်းပါတယ်။

The human brain forgets quickly so it’s also important to learn everyday. We can forget just as fast as we can learn. Study everyday so that you keep improving. Even taking a week off can make you forget a lot. It’s similar to trying to lose weight. If you want to do it quickly, you’d better diet and exercise everyday. You can’t be taking holidays all the time and expect good results.

လူ့ ဦးနှောက် ဆိုတာ က မေ့ ဖို့ လွယ်ပါတယ်။ ဒါကြောင့် နေတိုင်း စာလေ့လာဖို့ တော့ လိုပါတယ်။ ကျွန်ုပ်တို့  မြန်မြန် လေ့လာလေလေ ခပ်မြန်မြန် မေ့လေပါဘဲ။ ဒါကြောင့် နေတိုင်း လေ့လာခြင်းဟာ သင် ကိုတိုးတက်စေမှာ ပါ။ ယုတ်စွအဆုံး တစ်ပတ်လောက် စာမလုပ်ဘဲ ထား လိုက် ရင် သင် ဟာ အရင် က သင် ထား တာတွေ ကိုပါ မေ့နိုင်ပါတယ်။ ( အဲ့ဒါ တကယ်မှန်တယ်နော်။ ကိုယ်တွေ့၊ ဟီးဟီး) ဒါ က သင် ၀ိတ်ချသလိုပါဘဲ။ သင် ၀ိတ်ကျချင်တယ်ဆိုရင် အကောင်း ဆုံး က အစာ ကို သင့်တင့်မျှတအောင်စားပါ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။ အဲ့လို လုပ်နေစဉ်အတောအတွင်းမှာ သင် ဟာ ဘာမှ မလုပ်တဲ့ ရက်တွေ အများ ကြီး ရှိ နေပြီး ကောင်း တဲ့ ရလဒ်ကိုမမျှော်လင့်ပါနဲ့နော်။

Another important thing to do is to learn from native speakers. Practice listening to typical conversation and writing down what you learn. Most study programs are very different from true native speech. Stay away from those programs and only learn from something that will teach you the slang, phrasal verbs, and real kinds of things that native speakers actually say. If they aren’t saying it, don’t learn it. It’s a waste of time and energy to learn a bunch of random words.

အရေးကြီးတဲ့နောက်တစ်ခုကတော့ Native Speakers [သာမာန်အားဖြင့် နိုင်ငံခြားသား လို့ ကျွနိုပ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားသား ဆိုတာ က ကိုယ့်နိုင်ငံကမဟုတ်ရင် နိုင်ငံခြားသားလို့ခေါ်တာမဟုတ်လား။ Native Speaker ကတော့ အင်္ဂလိပ်ဘာသာစကား ကို မွေး ကတည်း က မိခင်ဘာသာအဖြစ်လေ့လာသူတွေကိုခေါ်တာပါ။ ဟီးဟီး သိပြီးသူတွေကိုအတွက်ရှင်းပြခြင်းမဟုတ်ပါ။ ကျွနိုပ်တို့ ကတော့ မြန်မာနိုင်ငံမှာဆိုရင် Burmese native speaker တွေဘဲပေါ့နော်။ ;)) ] တွေဆီက သင်ယူဖို့ ဘဲဖြစ်ပါတယ်။ Native speaker တွေ ပြောတဲ့ စကားပြောခန်းတွေ Audio lessons တွေကိုပြောတာပါ၊ ပြီးတော့ အဲ့ဒီ စကားဝိုင်းတွေ ကနေ သင်မသိသေးတဲ့ Phrasal Verb တွေ စာလုံး အသစ်တွေကို ချရေးပြီးမှတ်သားထားသင့်ပါတယ်နော်။ တစ်ချို့  Audio lessons တွေ က Speaker တွေ ပြောတာ ဟာ Native Speaker အစစ်တွေပြောတာနဲ့ နည်းနည်း လေယူလေသိမ်းကွဲလွဲတတ်ပါတယ်။ အဲ့ဒီလို သင်ခန်းစာတွေကိုတော့ဖြစ်နိုင်ရင်ရှောင်ပါ၊ အစကောင်းမှအနှောင်းသေချာဆိုသလိုပေါ့ နော်။ Native Speaker တွေ တကယ်လက်တွေ့ ပြောတဲ့ Phrasal Verb တို့ Slang တို့ ကိုသင်ပေးမယ့် Audio Lessons တွေကို သာလေ့လာသင့်ပါတယ်။ (မှတ်ချက်… Phrasal verb and slang အကြောင်းကို သူများသိအောင်မရှင်းပြနိုင်သေးပါ၊ ကိုယ်တိုင်သိနားလည်ရုံလောက်သာဖြစ်သည်အတွက် မရှင်းပြနိုင်သည်ကိုခွင့်လွှတ်ပါရန်…… frogfish) Native Speaker တွေ ပြောတာမဟုတ်တဲ့ Audio lessons ကိုဖြစ်နိုင်ရန်မနားထောင်ပါနဲ့။ အချိန်ဖြုန်းတာဘဲအဖတ်တင်နိုင်ပါတယ်။ များပြားလှတဲ့စာလုံးတွေကိုလေ့လာပြီး ကိုယ့်စွမ်းအားဘဲကုန်နိုင်ပါတယ်။

သူငယ်ချင်းများ အတွက် မြန်မာလို နားလွယ်လွယ်အောင်ကြိုးစားပြီးဘာသာပြန်ထားပေမယ့် မှား ယွင်းမှုတစ်စုံတစ်ရာရှိရင်သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ပေးသွားကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်နော်။ ဒါကြောင့် အင်္ဂလိပ်လို ပါတစ်ခါတည်း ထည့်ပေးထားတာပါ။ အင်္ဂလိပ် လိုနဲ့ဘာသာပြန်ထားတာက အချို့ နေရာမှာ ကွဲလွဲမှုရှိနိုင်ပါတယ် လို့လည်း တစ်ခါတည်းပြောထားပါရစေနော်။

သူငယ်ချင်းတို့ အင်္ဂလိပ်စာ ကိုပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်ကြပါစေ။

Happy Learning!

Frogfish J

စာကြွင်း- နောက်ထပ်ဘာသာပြန်များ ကိုမူ English Club တွင် စိတ်ပါဝင်စားပါက ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။ Blog post နေရာမှာ ဘာသာပြန် ထားသောစာကိုမရောစေချင်လို့ပါ။ သူငယ်ချင်းတို့မျက်စိနောက်မှာစိုးလို့နော်။ ;) English Club က ဒီဆိုဒ်မှာဘဲရှိတာနော်။ မသိမှာစိုးလို့။ :D

Translation from http://www.speak-fluent-english.com

0 comments:

Post a Comment