Friday, March 2, 2012

Posted by manphosan | File under :

ပဏာမ ဆွေးနွေးမှုတွေကို၊ ဇန်နဝါရီလတုန်းက ကရင်ပြည်နယ် ဘားအံမြို့မှာ ဆွေးနွေးခဲ့

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ သောကြာနေ့ နေ့လည်ပိုင်းမှာ ထိုင်းနိုင်ငံမဲဆောက်ကို ရောက်လာပြီး အပစ်အခတ် ရပ်စဲရေးအတွက် ကေအန်ယူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

အခုလို တွေ့ဆုံဆွေးနွေပွဲကတော့ အစိုးရနဲ့ ကေအန်ယူကြား အပစ်အခတ် ရပ်စဲရေးကိစ္စ အမြန်ဆုံး လက်မှတ် ထိုးနိုင်အောင် ရှင်းလင်းစရာ ရှိနေတဲ့ စစ်ရေး ကိစ္စတချို့ကို ရထားဝန်ကြီး ဦးအောင်မင်းက လာရောက် ရှင်းလင်းတာ ဖြစ်ပါတယ်။

အခုတော့ နားလည်မှုရသွားပြီ ဖြစ်တဲ့အတွက် တရားဝင် ဆွေးနွေးကြမယ့် ရက်ကို မတ်လ ပထမ အပါတ်မှာဘဲ ချိန်းဆို လိုက်ကြတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်တဲ့ ဦးညိုအုန်းမြင့် ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ ရထားပို့ဆောင်ရေး ဝန်ကြီးဦးအောင်မင်းနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ အဖွဲ့ဝင် (၃) ဦး ပါပြီးတော့ ကေအန်ယူဘက်ကတော့ အထွေအထွေ အတွင်းရေးမှုး နော်စီဖိုးရာစိန် ဦးဆောင်ပြီး၊ ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးနဲ့ ဗိုလ်မှူးတူးတူးလေးတို့ ပါဝင်ပါတယ်။

ကေအန်ယူနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တိုရဲ့ ပဏာမ ဆွေးနွေးမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကရင်ပြည် နယ်ဘားအံမြို့မှာ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

0 comments:

Post a Comment