Tuesday, July 3, 2012

Posted by manphosan | File under :

ထိုင်း​က ဘဏ်တခုနဲ့​ မြန်မာပြည်က ဘဏ်တခုတို့​ဟာ မြန်မာလုပ်သား​တွေ အတွက် ရည်ရွယ်ပြီး​ ပထမဆုံး​အြကိမ် တရား​ဝင် ​ငွေလဲလုပ်ငန်း​ကို စတင်လိုက်ပါတယ်။ထိုင်း​နိုင်ငံ Kasikorn (K bank)နဲ့​ မြန်မာနိုင်ငံ အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး​ဘဏ်တို့​ ချိတ်ဆက်​ဆောင်ရွက်လိုက်ကြတဲ့​ ဒီအစီအ
စဉ်​ကြောင့်​ ထိုင်း​ရောက် မြန်မာပြည်သား​တွေ တရား​ဝင်လမ်း​ကြောင်း​က​နေ ဇူလိုင် ၂ ရက်​နေ့ ကစပြီး​ ​ငွေလွဲ​ငွေယူ လုပ်နိုင်ကြပီ ဖြစ်ပါတယ်။

ဝန်​ဆောင်မှုလုပ်ငန်း​တွေကို​တော့​ စတင်လက်ခံ​ဆောင်ရွက်​ပေး​နြေပီလို့​ အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး
ဘဏ်ရဲ့​ ဝန်ထမ်း​တဦး​က အခုလို​ပြောပါတယ်။“နိုင်ငံခြား​မှာ သွား​အလုပ်လုပ်​နေတဲ့​ မြန်မာလုပ်သား
တွေ သူတို့​ မိသား​စုဆီကို စိတ်ချလက်ချ ​ငွေလွှဲလို့​ရနိုင်​အောင် ကျမတို့​ဘဏ်က ​ဆောင်ရွက်​ပေး
တာပါ။ အခု​လော​လောဆယ်​တော့​ မြန်မာလုပ်သား​များ​အတွက် ဖြစ်ပါတယ်။ ​ငွေလွှဲမယ့်​ တိုင်း​ပြည်
ပေါ်မှာ မူတည်ပြီး​တော့​ အဲဒီဘဏ်​တွေနဲ့​ ဆက်သွယ်လို့​ရှိရင် လိုအပ်ချက်​တွေကို သူတို့​ ​ဖောင်​တွေ
ဖြည့်​ခိုင်း​ပါလိမ့်​မယ်။
ကေဘဏ်နဲ့​က​တော့​ ကျမတို့​က ​ငွေလွှဲဝန်​ဆောင်ခကို ​လျော့​ပြီး​တော့​ စက်တင်ဘာလအထိ discount
ပေး​ထား​ပါတယ်။”ဒီလုပ်ငန်း​စတင်ဖို့​ ​မေလပိုင်း​က သ​ဘောတူစာချုပ်ခဲ့​တာလို့သူက ​ပြောပါတယ်။
မြန်မာပြည်က အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး​ဘဏ်ဟာ ထိုင်း​နဲ့​ မြန်မာ​ငွေလွှဲခြင်း​ လုပ်ငန်း​ကို ပထမဆုံး​ စတင်လုပ်​ဆောင်ခဲ့​တာ ဖြစ်ပါတယ်။
ဒီဝန်​ဆောင်မှု​ကြောင့်​ ထိုင်း​ရောက် မြန်မာအလုပ်သမား​တွေဟာ တြကိမ်ကို ​ငွေလွှဲခ ဘတ်​ငွေ ၁၅၀ နဲ့
၁ ရက်ကို ဘတ်​ငွေ ၉ ​သောင်း​အထိ လွှဲနိုင်တယ်လို့​ ​ပြောပါတယ်။ ​ငွေလွှဲနှုန်း​က​တော့​ ထိုင်း​ဘတ်နဲ့​ ​ဒေါ်
လာ​ငွေ လဲလှယ်နှုန်း​ပေါ် မူတည်ပါတယ်လို့​ အဲဒီဘဏ်ဝန်ထမ်း​က ဆက်​ပြောပါတယ်။
ထိုင်း​နိုင်ငံ ​ကေဘဏ်က ​ငွေလွှဲချင်တဲ့​ မြန်မာအလုပ်သမား​တွေကို သူတို့​ဘ်မှာ စာရင်း​လာဖွင့်​ဖို့​ ဖိတ်​ခေါ်လိုက်ပြီး​ အထူး​အစီအစဉ်အြဖစ် အစပထမ ၃ လမှာ ဝန်​ဆောင်ခ ဘတ် ၁၀၀ ထိ​လျှော့​ပေး​မှာ ဖြစ်ပါတယ်။ ​ငွေသွင်း​ငွေထုတ်နည်း​ အ​သေး​စိတ်ကို ဘဏ်စာရင်း​လာဖွင့်​တဲ့​အခါကျရင် တာဝန်ကျဝန်
ထမ်း​က ရှင်း​ပြမှာ ဖြစ်ပါတယ်။ အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး​ဘဏ်မှာလည်း​ စာရင်း​ဖွင့်​ထား​တယ်ဆိုရင် နာရီ
ပိုင်း​အတွင်း​ ​ငွေလက်ခံရမှာဖြစ်​ကြောင်း​ ကစီကွမ်း​ဗဟိုဘဏ်ဝန်ထမ်း​က ​ပြောပါတယ်။နေ့ စဉ်​ငွေလွှဲနှုန်း​တွေကို ​ငွေလဲဌာန (exchange) ​ကောင်တာ​တွေမှာ ​မေး​မြန်း​ စုံစမ်း​နိုင်ပြီး​ တြခား​သိလိုတဲ့​ အချက်​တွေအတွက် မြန်မာပြည်မှာဆိုရင် ရတနာပုံ ဖုန်း​ခေါ်ဆို​ရေး​ဌာန ၁၈၇၆ နဲ့​ ထိုင်း​နိုင်ငံဆိုရင် ၀၂ ၈၈၈၈၈၈၈ – ကြယ်ပွင့်​ နဲ့​ ၅ ကို ​မေး​မြန်း​နိုင်တယ်လို့​ ဆိုပါတယ်။

ထိုင်း​နိုင်ငံမှာ မြန်မာအများ​စု အလုပ်လုပ်​နြေကတဲ့​ ဘန်​ကောက်၊​ ဆမွတ်ဆာ​ခေါင်း​၊​ ဆမွတ်ပရကန်၊
ပထုန်ဌာနီ၊​ ချွန်း​ပူရီး​၊​ လ​ယောင်း​၊​ ဆုရတ်ဌာနီ၊​ ဆုန်ခရာနဲ့​ ဖူး​ခက် စတဲ့​ မြို့​နယ်​ပေါင်း​ ၁၁ မြို့နယ်က
အေတီအမ်စက်အလုံး​ပေါင်း​ ၁၈၀၀ မှာ မြန်မာဘာသာကိုလည်း​ ထည့်​သွင်း​ပေး​ထား​တာ​ကြောင့်​ ​အေတီ
အမ် ကဒ်က​နြေပီး​တော့​လည်း​ ​ငွေလွှဲနိုင်တယ်လို့​ ကစီကွမ်း​ဘဏ်ဝန်ထမ်း​က ​ပြောပါတယ်။မြကာခင်မှာ က​မေ0x081ဘာဇဘဏ်ကလည်း​ ထိုင်း​နိုင်ငံက Siam commercial Bank (ထိုင်း​ဖား​နစ်)ဘဏ်နဲ့​ ပူး​ပေါင်း​ဆောင်ရွက်သွား​ဖို့​ နှစ်ဖက်ဘဏ် သ​ဘောတူစာချုပ်ကို ဇွန် ၂၈ ရက်​နေ့​က ထိုင်း​နိုင်ငံမှာ လက်
မှတ်​ရေး​ထိုး​ခဲ့​ကြတယ်လို့​ ဇူလိုင် ၃ ရက်ထုတ် နိုင်ငံပိုင်သတင်း​စာက ဆိုပါတယ်။

0 comments:

Post a Comment