Tuesday, August 21, 2012

Posted by manphosan | File under :
DVB News

ပြည်သူလွှတ်တော်ကေန ဖွဲ့စည်းထားတဲ့ ရေးရာကော်မတီနဲ့ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဖြစ်ဘူးဆိုပြီး နိုင်ငံတော် ဖွဲ့စည်းပုံဆိုင်ရာ အေခြခံ ဥပေဒခုံရုံးကေန သတ်မှတ်ခဲ့တာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ၃၀၀ ကျော်က ကန့်ကွက်ခဲ့ပြီး အေခြခံဥပေဒခုံရုံးအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဦးအောင်ထူး

နိုင်ငံတော်သမ္မတကလည်း နုတ်ထွက်စေခိုင်းတာ မလုပ်ပေးနိုင်ဘူး အေခြခံဥပေဒကို ပြင်နိုင်တယ်ဆိုပြီး အကြံပြုပြောဆိုပါတယ်။ နိုင်ငံတော် အေခြခံဥပေဒခုံရုံးရဲ့ လုပ်ပိုင်ခွင့်တွေ၊ မြန်မာနိုင်ငံက တရားစီရင်ရေး အေခြအေနေတွနဲ့ ပတ်သက်ပြီး ပြည်ပမှာနေထိုင်တဲ့ ရှေ့နေဦးအောင်ထူးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးအောင်ထူးတို့ အေနနဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အေခြခံ ဥပေဒဆိုင်ရာ ခုံရုံးရဲ့ သေဘာသဘာဝနဲ့ လုပ်ပိုင်ခွင့်ကို ရှင်းပြေပးပါလား။

“နိုင်ငံတော် ဖွဲ့စည်းပုံအေခြခံ ဥပေဒဆိုင်ရာခုံရုံးက ရိုးရိုးတရားရုံးတွေနဲ့ မတူပါဘူး။ သက်ဆိုင်ရာတိုင်းပြည်တခုမှာ တိုင်းပြည်ရဲ့ အမြင့်ဆုံးလို့ ထားရတဲ့ ဖွဲ့စည်းပုံ အေခြခံဥပေဒဆိုင်ရာ တရားရုံး။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားလာကြရင်၊ ပြဿနာတက်လာကြရင် အဆုံးအဖြတ် တောင်းခံလာတဲ့အခါမှာ ဖွဲ့စည်းပုံအေခြခံဥပေဒဆိုင်ရာ ခုံရုံးကို ချဉ်းကပ်ရတာ ဖြစ်တယ်။ အဲဒီခုံရုံးက ဆုံးဖြတ်ချက်က အပြီးသတ်နောက်ဆုံး ဖြစ်တယ်။ အဲဒီတော့ အခု ကျေန်ာတို့ သာဓကအေနနဲ့ပြောရရင် တောင်ကိုရီးယားနိုင်ငံဟာ စစ်အာဏာရှင်စနစ် အုပ်ချုပ်တဲ့နိုင်ငံကေန ဒီမိုကေရစီကို အောင်မြင်စွာ ပြောင်းလဲနိုင်တဲ့ နိုင်ငံဖြစ်တယ်။ အဲဒီနိုင်ငံမှာ ဖွဲ့စည်းပုံအေခြခံဆိုင်ရာ တရားရုံးဟာ အများကြီး ထိန်းကျောင်းပေးနိုင်တယ်။ ဖွဲ့စည်းပုံ အေခြခံဥပေဒဆိုင်ရာတရားရုံးဆိုတာ နိုင်ငံတိုင်းမှာ ရှိသင့်တယ်။ အထူးသဖြင့် ကျေန်ာတို့လို စစ်အာဏာရှင်စနစ်ကေန ဒီမိုကေရစီကို ကူးပြောင်းဖို့ ကြိုးစားနေတဲ့တိုင်းပြည်တွေမှာ ရှိသင့်တဲ့ ရုံးတခု ဖြစ်ပါတယ်။”

လက်ရှိ ဖြစ်နေတဲ့ ဖွဲ့စည်ပုံအေခြခံဥပေဒဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေကို ပြည်သူ့လွှတ်တော်ကလည်း မေကျနပ်ဘူးလို့ ပြောနေတယ်။ အဲဒါကိုရော ဘယ်လို သုံးသပ်လို့ရလဲ။ ဥပေဒဆိုင်ရာနဲ့ပေါ့နော်။

“နှစ်ပိုင်းရှိတယ်။ တပိုင်းက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ကော်မတီနဲ့ ကော်မရှင်တွေကို ဘယ်လိုဖွဲ့စည်းလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီနဲ့ ကော်မရှင်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ ဖွဲ့စည်းမယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အေခြခံဥပေဒအရကိုပဲ ပြည်ထောင်စုအဆင့်သတ်မှတ်ရမှာ ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားပါလျက်နဲ့ ပြည်ထောင်စုအဆင့် မသတ်မှတ်ပေးဘူးဆိုရင်တော့ ဖွဲ့စည်းပုံအေခြခံဥပေဒဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ချက်က လွဲနေတယ်လို့ ပြောရမယ်။ ဒါပေမယ့် တချိန်တည်းမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေနဲ့ပါ ဖွဲ့စည်းတဲ့ ကော်မတီနဲ့ ကော်မရှင်တွေ ရှိနေတယ်။ ဥပမာ ထွက်လာတဲ့သတင်းအရ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့သား တိုးနိုင်မန်းဆိုတဲ့ ပုဂ္ဂိုလ်လည်း လွှတ်တော်ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ လွှတ်တော်က ဖွဲ့ပေးတဲ့ ကော်မရှင်တခုမှာ ပါနေတယ်။ အဲဒီလိုမျိုး လွှတ်တော်ကိုယ်စားလှယ်မဟုတ်ဘဲနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီ ကော်မရှင်ထဲမှာ ပါနေပြီးတော့ အဲဒီကော်မတီနဲ့ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် သတ်မှတ်စေချင်တယ်လို့ လွှတ်တော်တွေက တင်လာရင်တော့ ဒါဟာ ဖွဲ့စည်းပုံ အေခြခံဥပေဒနဲ့ ဆန့်ကျင်သွားပြီ။ အဲဒါအတွက် ဖွဲ့စည်းပုံ အေခြခံဥပေဒဆိုင်ရာ တရားရုံးက ဒီကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ ဆုံးဖြတ်မယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကို လက်ခံရမယ်လို့ ကျေန်ာနားလည်ပါတယ်။”

မေန့က နိုင်ငံတော်သမ္မတကေန ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆီကို တရားရုံးချုပ်ကေန တင်ထားတဲ့ဟာကို ရုပ်သိမ်းလို့ မရေတာ့ဘူး။ သမ္မတ ထပ်ပြီးပြောတာက အေခြခံဥပေဒကို ပြင်ဖို့ပဲ ရှိတယ်ဆိုပြီး သူတို့ လမ်းကြောင်းပေးပြီး ပြောထားတာ ရှိတယ်။ အဲဒီအေပ်ါကိုရော ဘယ်လို သုံးသပ်လို့ရမလဲဗျ။

“သူရေးတဲ့စာမှာ လက်ခံလို့ရတဲ့ အပိုင်းတွေရှိပါတယ်။ အဲဒါက သူ့ရဲ့ ဦးဆောင်မှုအရ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငွေကြးအရ ဘယ်လို ထောက်ပံ့ရမယ်ဆိုတာကို ရှင်းနိုင်ဖို့ရန်အတွက် ဖွဲ့စည်းပုံ အေခြခံဥပေဒဆိုင်ရာ တရားရုံးကို တင်ပြီးတော့ ဒီကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် ရှိလား မရှိဘူးလား ဆိုတဲ့အေပ်ါမှာ ရှင်းချင်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံအေခြခံဥပေဒဆိုင်ရာ တရားရုံးကို တင်လိုက်တာ ဖြစ်တယ်။ ဖွဲ့စည်းပုံအေခြခံဥပေဒဆိုင်ရာ တရားရုံးကလည်း ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်တယ်။ ဆုံးဖြတ်ချက်ကို ပြင်လို့မရနိုင်တော့ဘူး။ သူတို့ဘက်ကလည်း ပြန်ဆုတ်လို့ မရနိုင်တော့ဘူး။ ဘာလို့လဲဆိုတော တင်ထားပြီးသား ရှေ့နေရုံးကို တင်ထားပြီးသားဖြစ်တဲ့အပြင် ဆုံးဖြတ်လည်းပြီးနေပြီ။ ပြန်ဆုတ်လို့ မရေတာ့ဘူးဆိုတဲ့ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်သည် သဘာဝကျတယ်လို့ ကျေန်ာလက်ခံတယ်။ နောက်တခုက ဖွဲ့စည်းပုံအေခြခံဥပေဒပြင်ရေးကိစ္စ၊ ဖွဲ့စည်းပုံအေခြခံဥပေဒပြင်ရေး လမ်းကြောင်း သွားသင့်တယ်ဆိုတဲ့ သမ္မတရဲ့ အဆိုပြုချက်ကိုလည်း လက်ခံသင့်တယ်လို့ ကျေန်ာမြင်တယ်။”

အခုဖြစ်နေတဲ့ နိုင်ငံတော်ဆိုင်ရာအေခြခံဥပေဒခုံရုံးနဲ့ ပြည်သူ့လွှတ်တော်နဲ့ ကြားမှာရော ဥပေဒေကြာင်းအရ ဘယ်လိုသုံးသပ်လို့ ရမလဲ။

“အခုက သူ့ဘက်ကလည်း မေလျှာ့၊ ကိုယ့်ဘက်ကလည်း မေလျှာ့ ဖြစ်နေတယ်။ ဒါက မေကာင်းတဲ့အေခြအေနပါ။ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအေခြခံဥပေဒကြီးက လည်ပတ်လို့ မရေတာ့ဘူး ဆိုတာကို ပြတယ်။ ဒီဘက်ကကြည့်ရင်တော့ ဒါက ကောင်းတယ်။ သို့သော် ကျေန်ာတို့စိတ်မေကာင်းတာက ဖွဲ့စည်းပုံအေခြခံဥပေဒနဲ့ အညီ လည်ပတ်ဖို့ကြိုးစားတဲ့ ဖြစ်စဉ်ကြီးတခုဟာ တိုင်းပြည်က အထွဋ်အထိပ် ထားရမယ့် တရားစီရင်ရေးနဲ့ စပ်လျဉ်းပြီးတော့ တရားသူကြီးအေပ်ါမှာ မေကျမနပ် ဖြစ်ပြီးတော့ ပျက်သွားရမှာမျိုးက မဖြစ်သင့်ဘူး။ ဒီအကျပ်အတည်းက ကျော်နိုင်ဖို့ဆိုရင်၊ ကျေန်ာတို့မြင်တာက ဘာကြောင့်ဒီလိုဖြစ်လဲဆိုတော့ သမ္မတကေနပြီးတော့ သူ့လက်ထဲမှာ အာဏာကို ရာနှုန်းပြည့်ကိုင်ပြီးတော့ တရားသူကြီးချုပ်အကုန်လုံးကို ခန့်ခွင့်၊ ဖြုတ်ခွင့်ရှိထားတာက အေခြခံပြဿနာ။ အဲလိုရှိထားလို့လည်း တဖက်က လွှတ်တော်ကမြင်တယ်။ ဒီတရားရုံးဟာ သမ္မတလက်ထဲမှာ ရှိတယ်။ သမ္မတ လိုချင်တဲ့အတိုင်း ဆုံးဖြတ်ချက်ချေပးနေတယ်။ ဒီတရားရုံးက မလွတ်လပ်ဘူး။ ဒါကို ထုတ်သာမေပြာတာ လက်တွေ့က ဒီလိုဖြစ်နေတယ်။ ဖွဲ့စည်းပုံကိုပြန်ကြည့်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အဓိက အားနည်းချက်တွေထဲမှာ ထိပ်ပိုင်းကပါတာက တရားစီရင်ရေး မလွတ်လပ်တာပဲ။ အဲတော့ တရားစီရင်ရေး တရားသူကြီးချုပ်တွေ အကုန်လုံးကို သမ္မတက စိတ်ကြိုက် ဖြုတ်ခွင့်၊ ခန့်ခွင့်ရှိတာဟာ ကမ္ဘာပေါ်မှာ ဘယ်ဖွဲ့စည်းပုံမှာမှ မရှိဘူး။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံတခုပဲရှိတယ်။ အဲတော့ သမ္မတစနစ်အောက်မှာ တရားသူကြီးအမည်စာရင်း တင်သွင်းခွင့်ရှိတယ်။ လွှတ်တော်ကခန့်လိုက်တယ်။ ခန့်ပြီးရင် သမ္မတရဲ့ အခွင့်အာဏာ လုံးဝမရှိတော့ဘူး။ လုံးဝဖြုတ်လို့ မရေတာ့ဘူး။ အခုက သမ္မတရဲ့ လက်ထဲမှာ ဖြုတ်ခွင့်က လုံးဝရှိနေတယ်။ အဲတော့ ဘာဖြစ်နေလဲဆိုတော့ တရားသူကြီးချုပ်တွေ အကုန်လုံးဟာ သမ္မတကို အကြီးအကျယ် ကြောက်နေရတယ်။ ဒီလိုဖြစ်နေတဲ့အတွက် တရားစီရင်ရေးယန္တရားတခုလုံးက သမ္မတရဲ့လက်ထဲမှာ ရှိနေတယ်။ အရင်းခံပြဿနာက ဒါပဲ။

“နံပါတ် ၁ အချက်က ဒါကို ကျော်လွှားနိုင်ဖို့အတွက်က အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအေခြခံဥပေဒပြင်မယ် ဆိုပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ယူထားတာ။ ဖွဲ့စည်းပုံပြင်ဖို့ အချိန်ရောက်ပြီ၊ ဖွဲ့စည်းပုံ စပြင်တဲ့ကိစ္စကို ဦးဆောင်သင့်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအေခြခံဥပေဒ အခန်း ၆ တရားစီရင်ရေးကဏ္ဍကေန စပြီးတော့ ပြင်သင့်တယ်။ တရားစီရင်ရေးကဏ္ဍမှာ စစ်ဘက်ဆိုင်ရာတရားရုံးကို သီးခြားခွဲထုတ်ထားတာကိုလည်း ဖြုတ်သင့်တယ်။ နောက် တရားသူကြီးတွေ ခန့်တဲ့ ဖြုတ်တဲ့ကိစ္စကိုလည်း ဘယ်လိုလုပ်ပြီး ခန့်ခွင့်၊ ဖြုတ်ခွင့်ရှိတယ်ဆိုတဲ့ ကိစ္စကို လွှတ်တော်ထဲမှာသာမကဘဲ လူထုဆီကပါ ကျယ်ကျယ်ပြန့်ပြန့် သေဘာထားတွေတာင်း၊ ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေပ်ါလာ။ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းဟာ တပြည်လုံးလုပ်ငန်းအေနနဲ့ ကြွတက်လာဖို့ လိုပါတယ်။ ပြင်ပြီးတော့ တချိန်တည်းမှာ ဘယ်လိုမျိုးသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က ဖွဲ့လိုက်တဲ့ ကော်မတီ၊ ကော်မရှင်တွေကို လွှတ်တော်ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းမယ်ဆိုရင် ဒါကို ပြည်ထောင်စုအဆင့် သတ်မှတ်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်တွေပါ ထည့်သွင်းလိုက်မယ်ဆိုရင် ပြဿနာကို ကျော်နိုင်ပြီးတော့ လက်ရှိ ဖွဲ့စည်းပုံအေခြခံဥပေဒဆိုင်ရာတရားရုံးမှာ သမ္မတ ဦးသိန်းစိန် စိတ်ကြိုက်ခန့်ထားတဲ့ တရားသူကြီးချုပ်တွေကိုပါ ဖြုတ်ခွင့်ရပြီးတော့ ဖွဲ့စည်းပုံနဲ့အညီ သွားတဲ့ လုပ်ငန်းစဉ် တခုဟာ အဆင့်တဆင့် ချောမောသွားလိမ့်မယ်လို့ ယူဆပါတယ်။”

1 comment:

  1. Best Free No Deposit Bonuses in 2021 - CasinoTaratodos
    The Best Free No bet365 해외 배당 흐름 Deposit Casino Bonuses 포커 룰 in 2021 · 1. Red Dog Casino, $30 free 슬롯 커뮤니티 + 100% match deposit up to $1000 · 강원 랜드 칩 걸썰 2. Mega Moolah Casino, $25 no deposit + 먹튀 신고 100% match

    ReplyDelete