Thursday, March 29, 2012

Posted by manphosan | File under :
PNA သတင်း

မြ၀တီမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုင်းဘုတ်တင်ပွဲကို ဗိုလ်ချုပ်စောလာဖွယ် ဦးဆောင်သော ဒီကေဘီအေ ကလို့ထူး ဘော အဖွဲ့မှ စစ်ဦးစီး ပထမတန်း ဒုဗိုလ်မှူး ကြီးဆန်းအောင်၊ စစ်ဦးစီးဒုတိယတန်း၊ ဗိုလ်မှူး ထွန်းထွန်းတို့က တက်ရောက်ပြီး သ၀ဏ်လွှာ ဖတ်ကြားခဲ့ပါသည်။ ဆိုင်း ဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားကို မတ်လ (၂၇) ရက်နေ့ မနက် (၇) တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ထို အခမ်းအနားသို့ ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် နှင့်ပြည်နယ်မှ တာဝန်ရှိ သူများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပြည်သူလူထုများ ခန့်မှန်းခြေ (၅၀၀) ခန့်တက်ရောက်ကြပါသည်။ ၄င်း အခန်းအနားသည်၊ တော်လှန်ရေးနေ့လည်း ဖြစ်သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း နှင့် ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည် ခေါင်း ဆောင်ကြီးများ၊ ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်း၌ ကျဆုံးသွားခဲ့သော ရဟန်းသံဃာတော်များ ၊ပြည်သူလူထုများ၊ ကျောင်းသားခေါင်းဆောင်များအား ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် တစ်မိနစ်ငြိမ်သက် အလေးပြုခြင်း အစီအစဉ်လည်း ပါခဲ့ပါသည်။

DSC09376

အခမ်းအနားသို့ ဒီကေဘီအေ တပ်ဖွဲ့မှ တက်ရောက်ပုံ (ဓါတ်ပုံ DKBA)

အစီစဉ်အရ မြဝတီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်းနှင့် ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် မှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ၄င်းအပြင် ပြည် ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေအဖွဲ့မှ ဒေါ်အောင် ဆန်းစုကြည်ပုံပါ ဗလာစာအုပ်ဒါဇင် (၁၀၀ )နှင့် စာရေးကိရိ ယာမျိုးစုံအား လှူဒါန်းခြင်း အစီအစဉ်အပါဝင် ကလိုထူးဘောစစ်ဌာချုပ်မှာ ဗိုလ်ချုပ်စောလားပွယ် ပေးပို့သော သဝဏ်လွှာ ကို စစ်ဦးစီးမှူးဌာန၊ စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူး ထွန်းထွန်း မှ ဖတ်ကြားခဲ့ပါသည်။

အခမ်းအနားကို ကရင်လူငယ်အဖွဲ့မှ သီချင်းဖြင့်ဖြေဖျော်ပြီး ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များဖြင့် အခမ်းအနားကို နံနက် (၉) နာရီတွင်အနှောင့်အယှက်ကင်းစွာ ပြီးဆုံးခဲ့ပါသည်။

0 comments:

Post a Comment