Thursday, March 8, 2012

Posted by manphosan | File under :

March 8,ကြာသာပတေးနေ့၊ဧရာဝတီသတင်းမှာဖတ်ခဲ့
ရတဲ့ ´မန်းငြိမ်းမောင်ကို အမြင့်ဆုံးပြစ်ဒဏ်နှင့် စီရင်ချက်
ချရန် ဆုံးဖြတ်´
ဆိုတဲ့သတင်းတစ်ပုဒ်ကြောင့် ကျနော်
ဒီဆောင်းပါးလေးကိုရေးဖြစ်ခဲ့တာပါ။ အဲဒီသတင်းထဲမှာ
ကျ နော်တို့ခေါင်းဆောင်ပဒိုမန်းငြိမ်းမောင်ကို ´တသက်တစ်ကျွန်းကိုသော်၎င်း၊သေဒဏ်သော်
၎င်းကြခံရနိုင်´တယ်လို့ သတင်းထဲမှာရေးသားထား
တာတွေ့ရပါတယ်။ သူ့အတွက် စီရင်ချက်တော့
တကယ်မကျသေးဘူးပေါ့ဗျာ။

တကယ်လို့များ ဒို့ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်တစ်ယောက်အထက်ပါအပြစ်များချမှတ်ခံရမယ်ဆိုရင်…
လက်ရှိ ကေအင်ယူခေါင်းဆောင်များ ငြိမ်းချမ်းရေးအတွက် ကြံ့ဖွံ့အစိုးရနဲ့လက်မှတ်ထိုးအုန်းမလား။ ကျနော့်အတွေးထဲ မှာ တကယ်ပဲရောက်လို့လာခဲ့ပါတယ်။ ဒါ လက်ရှိကေအင်ယူခေါင်းဆောင်များနဲ့လဲ တိုက်ရိုက်သက်ဆိုင်တဲ့ပြဿ နာတစ်ခုဖြစ်ပါတယ်။ လက်ရှိလုပ်နေတဲ့ တရားရေးဌာနအပါအ၀င် ဌာနအားလုံးဟာ ကြံ့ဖွံ့အစိုးရဆိုတာမမေ့ ထားဖို့လိုပါလိမ့်မယ်။
ဦးနေ၀င်းခေတ်မှ ယနေ့ကြံ့ဖွံ့အစိုးရခေတ်ထိ သူတို့ရဲ့စကားတွေကို အားလုံးအပြည့်အစုံ complement
ယုံလို့မရဘူးဆိုတာ ဒို့ကရင့်ခေါင်းဆောင်များ အမြဲအမှတ်ရစေချင်တယ်။ ရှေ့မှာတစ်မျိုး နောက် မှာတစ်
ဖုံပြောတတ်၊ လုပ်တတ်၊ ကျင့်တတ်တယ်ဆိုတာလဲ လက်ရှိမြန်မာအစိုးရတို့ရဲ့ သဘောပဲဖြစ်တယ်။

အကယ်၍သာ ပဒိုမန်းငြိမ်းမောင်တစ်ယောက်အထက်ပါအပြစ်များချမှတ်ခံရမယ်ဆိုရင်…ကျနော့်
တစ်ယောက်အ မြင်နဲ့ ကေအင်ယူခေါင်းဆောင်များလုံးဝကြံ့ဖွံ့အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်မထိုး
သင့်ပါ။
အထက်ပါအပြစ်များ ပဒိုမန်းငြိမ်းမေင်ကျခံရပါလျှက်နဲ့ကေအင်ယူခေါင်းဆောင်များ ငြိမ်းချမ်းရေး လက် မှတ်ထိုးမည်ဆိုလျှင် ဒို့ကေအင်ယူသိက္ခာ၊ ဒို့ကရင်တစ် မျိုးသားလုံးရဲ့သိက္ခာတွေကို စော်ကားခံရတာနဲ့
တူတူပင်ဖြစ်ပေလိ့မ်မည်။

လူတစ်ဦးတစ် ယောက်ရဲ့ဂုဏ်သိက္ခာသည် သတ္တိ၊ ဗျတ္တိဆုံးဖြတ်မှုနဲ့သက်ဆိုင်ပါသည်။ ကေအင်ယူ ဆုံးဖြတ်မှုမှားခဲ့လျှင် သမိုင်း မှာ အမှည်းစက်ထင်သွားနိုင်သည်။ ဒို့ကရင်တစ်ယောက်အစော်ကားခံရလျှင် တစ်မျိုးလုံးအစော်ကားခံရတာနဲ့ အတူတူပင်ဖြစ်သည်။ တကယ့် ဒီမိုကရေစီစနစ်မှန်မှန်ကန်ကန်ကျင့် သုံးတဲ့နိုင်ငံတစ်ခုမှာ စီရင်ချက်ကျခံရလို့ အ ပြစ်ခံယူရတယ်ဆိုရင် ဝေဖန်စရာမရှိပေမယ့် အခုလို မယုံ ကြည်ရသေးတဲ့ ကြံ့ဖွံ့လိုအစိုးရမျိုးကို´လိုတစ်မျိုး မလို တစ်မျိုး´ နဲ့ ဒို့ခေါင်းဆောင်တစ်ယောက်ကို မလိုအပ်တဲ့အပြစ်နဲ့စီရင်ချက်ချမယ်ဆိုရင်ဒို့ကေအင်ယူခေါင်းဆောင် ဒို့ကရင်အမျိုးသားများ ဒီအတိုင်းပဲ
အညံ့ခံသင့်သလား။

ငြိမ်းချမ်းရေးကို ကျနော်လိုချင်ပါသည်။ ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးမှာ human right, လူသားတို့ရဲ့အ
ခွင့်အရေး justice, balance သာတူညီမျှမှု များတကယ်သက်ရောက်ရှိမှ ငြိမ်းချမ်းရေးအမှန်လို့
ကျနော်သဘောပေါက်ပါ တယ်။ ကျနော်လဲ နှစ်ပေါင်း (၆၀) ကျော်တိုက်လာတဲ့စစ်ရဲ့ အနိဋ္ဌာရုံကိုမလို
ချင်ပါဘူး။ သို့သော် တဖက်ကအား နည်းလို့ ဒို့လုပ်ချင်သလိုလုပ်မယ် ဆိုတဲ့အချိုးမျိုးရှိနေမယ်ဆိုရင် ဒို့က
ရင်များ နှစ်ပေါင်း (၆၀) မကလို့ ကမ္ဘာမဆုံး သရွေ့တိုက်နေမှာပါ။ လူသားတိုင်းဟာ ကိုယ့်အမျိုးကို
ကိုယ်ချစ်ပါတယ်ဆိုတာ လူတိုင်းနားလည်ထားစေချင် တယ်။ ကျနော်ဆိုလိုရင်းအဓိပ္ပါယ်မှာ ကိုယ့်လူမျိုး
အတွက် စွမ်းဆောင်းတမံလုပ်ပုဂ္ဂိုလ်မှန်သမျှ ကိုယ်ကျိုးစွန့်ပြီး လုပ်ပေးတဲ့ပုဂ္ဂိုလ်မှန်သမျှ သူတို့အတွက်
အ န္တရာယ်ကျရောက်လာလျှင် ကျန်ကိုယ့်လူမျိုးအချင်းချင်းဝိုင်းဝန်းကာ ကွယ်ပေးရမယ်ဆိုတာ ကျနော်
တို့ကရင်လူမျိုးအားလုံးတာဝန်သာဖြစ်ပါတယ်။

ကျနော်ကတော့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ (ကေအင်ယူ၊ ဒီကေဘီအေ -ဗိုလ်နှုတ်ခမ်းတို့အဖွဲ့၊ ငြိမ်းချမ်းရေး
ကောင်စီ) အားလုံးကို လေးစားပါတယ်။ ဂုဏ်ယူပါတယ်။ ဘယ်လိုပင် အဖွဲ့အစည်းတွေကွဲပြားစေကာမူ အရေး
ကြုံလာရင် တသွေးတည်းရှိဖို့ပဲလိုပါတယ်။ နယ်ခြားစောင့်တပ်မဖြစ်တာကိုပဲ အားလုံးကိုလေးစားပါတယ်။ နယ် ခြားစောင့်တပ်သာဖြစ်သွားခဲ့ရင် ကြံ့ဖွံ့တပ်မတော်လုံးလုံးဖြစ်သွားပြီးဆိုတာ သူတို့ကိုသူတို့အခုလောက်ဆို သ ဘောက်ပေါက်လောက်ပြီလို့ထင်ပါတယ်။ စနစ်ကျတဲ့ စစ်မှန်တဲ့ဒီမိုကရေစီတိုင်းပြည်အတွက် တာဝန်
ထမ်းဆောင် ရမယ့် ကရင်လူမျိုးဆိုဂုဏ်ယူစရာဖြစ်နိုင်ပေမယ့် ဒီလိုအချိန်အခါ နယ်ခြားစောင့်တပ်အဖြစ်လက်ခံ
တာကို အ တော်ကို မိုက်မဲရာကြလွန်းပါတယ်။

ကျနော်ရေးတဲ့စာကို လိုရင်းပြန်ကောက်မယ်ဆိုရင် တကယ်လို့ ကျနော်တို့ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်တစ်
ယောက် သေဒဏ် သို့မဟုတ် တသက်တစ်ကျွန်း ပြစ်ဒဏ်များကျခံရသော် လက်ရှိကျနော်ကေအင်ယူခေါင်း
ဆောင်များ ကြံ့ဖွံ့အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးအုန်းမည်လော။ သို့တည်းမဟုတ် လက်မှတ်မထိုးပဲ ကျနော်
တို့ အဖိနှိပ်ခံကရင်ထုတရပ်လုံးဂုဏ်သိက္ခာကို ဆက်ထိန်းမည်လော။ ဘယ်လမ်းကိုရွေးကြမလဲ။ သူများပေးတဲ့
ကံ ကြမ္မာကို လိုက်မသွားပဲနဲ့ ကိုယ့်ကံကြမ္မာနဲ့ကိုယ်ဖန်တီးနိုင်တဲ့ ထာဝရစစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံမ ဟုတ်တဲ့ ငြိမ်းချမ်းရေးမျိုးရွေးချယ်နိုင်ကြပါစေဖြင့် …မျှော်လင့်ရင်း…..

စောအဲအဲ (ကရင်မြေ)

0 comments:

Post a Comment