Tuesday, March 6, 2012

Posted by manphosan | File under :
လာမယ့်ဘဏ္ဍဍာရေးနှစ်သစ် ၂၀၁၂-၂၀၁၃ အစ ဧပြီ ၁ ရက်က စပြီး နှစ်ပေါင်းများစွာ တရားဝင် သုံးလာတဲ့ တဒေါ်လာ ၆ ကျပ်ကျော် နိုင်ငံခြား ငွေလဲလှယ်နှုန်းကနေ တဒေါ်လာ ၈၀ဝ ကျပ် ဝန်းကျင်ကို ဗဟိုဘဏ်က ပြောင်းလဲ သတ်မှတ်မယ်လို့ ဗဟိုဘဏ် အကြီးအကဲတဦးက ဒီကနေ့ ထုတ်ဖော် ပြောလိုက်ပါတယ်။


Burmese Currencyရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ရစေပြီး နိုင်ငံတကာပုံစံ ဖြစ်သွားပြီလို့ သုံးသပ်

လာမယ့် ဧပြီလ ၁ ရက်နေ့က စပြီး ဈေးကွက် ပေါက်ဈေးကို အခြေခံတဲ့ တရားဝင် ငွေလဲလှယ်နှုန်းကို ကိုးကား ရည်ညွှန်းစရာ အဖြစ် ဗဟိုဘဏ်ကနေ နေ့စဉ် သတ်မှတ်လို့ ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန် ပေးသွားမယ်လို့ ဗဟိုဘဏ် ဒုတိယ
ဉက္ကဌ ဦးနေအေးက ဘီဘီစီကို ပြောပါတယ်။

ဒီလိုတရားဝင် ပြင်ဆင်သတ်မှတ်တော့မှာ ဖြစ်တဲ့အတွက် နှစ်ပေါင်းများစွာ သုံးလာခဲ့တဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်း အမေရိကန်ဒေါ်လာ တဒေါ်လာ ၆ ကျပ်သာသာနှုန်းဟာ ရှိတော့မှာ မဟုတ်တော့ဘူးလို့လည်း ဦးနေအေးက ဆက်ပြောပါတယ်။အခုလို နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းနိုင်ခဲ့တာဟာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF နဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံ ဆွေးနွေးမှုတွေရဲ့ အကျိုးဆက် တခုဖြစ်တယ်လို့လည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌက ဘီဘီစီကို ပြောပါတယ်။

ပြင်ပ ငွေလဲလှယ်နှုန်းနဲ့ နီးစပ်တဲ့နှုန်း ဒါမှမဟုတ် တသားတည်းဖြစ်မယ့် နှုန်းကို ပြောင်းတာဟာ အားလုံးအတွက် ကောင်းတယ်၊ နိုင်ငံတကာပုံစံ ဖြစ်သွားပြီလို့လည်း စီးပွားရေး လုပ်ငန်းရှင်တဦးနဲ့ ကုန်သည် စက်မှုအသင်း UMFCCI ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးမြင့်စိုးက သုံးသပ်ပါတယ်။အခုလို ငွေလဲလှယ်နှုန်း ပြောင်းလဲမှုက ရင်းနှီးမြှုပ်နှံမှုဘက်ကိုလည်း ယုံကြည်မှု ရစေပြီး၊ ပို့ကုန်ပိုင်းမှာ ထူးခြားမှု အတိုး အလျော့ မများနိုင်ပေမယ့် သွင်းကုန်သမားတွေတော့ ငွေလဲနှုန်း အပြောင်းအလဲကြောင့် အခွန်တိုးပေးရနိုင်တယ်လို့ ဦးမြင့်စိုးက ပြောပါတယ်။ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း နှုန်းရှင်သတ်မှတ်မယ် ဆိုတော့ မသမာတဲ့ စီးပွားရေးသမားတွေ ငွေဈေး ဝင်ကစားတာမျိုး မဖြစ်ဖို့အတွက် အားလုံးက ဝိုင်းထိန်းကျောင်းမယ်ဆိုရင် ဖြစ်နိုင်ပါတယ်လို့ သူက ဆိုပါတယ်။

BBC

0 comments:

Post a Comment