Friday, March 9, 2012

Posted by manphosan | File under :
သူများတော့မသိဘူးဗျာ။ ကျနော်ကတော့ ဒီသတင်းကိုဖတ်ရတာ အရသာရှိလှပါတယ်လေ။ ဘာပဲပြောပြော
ကိုယ့်လူမျိုးအချင်းချင်း Dialog လုပ်နိုင်တာကို ကောင်းတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ကိုယ့်လူမျိုးညီညီညွတ်ညွတ်
ရှိတာကို အားလုံးမြင်ချင်ကြမယ်ထင်ပါတယ်။ (အခွင်းအရေးသမားတော့ ဒီထဲမှာမပါဘူးနော်)။ ကျနော်
တို့ မြန်မာနိုင်ငံ ဒီမိုကရေစီခြေလှမ်းအနည်းငယ်ရွေ့လျှားလာတဲ့လက္ခဏာမြင်ရသည့်အတွက် ဒို့ကရင်တွေ
ကလဲ ပိုပြီးစည်းလုံးလာမှတော်ကာကျမယ်မလား။ ဖြစ်ခဲ့တဲ့အတိတ်တွေကို သင်္ခန်းစာယူပြီး အနာဂါတ်မှာ
ဘယ်လိုလုပ်ရင် ဒို့ကရင်အတွက်ရော လူတိုင်းအတွက်ပါ ကောင်းကျိုးတွေရလာမလဲ-လုပ်ဆောင်ကြမယ်ဆို
ရင်ဖြင့် ဒို့ကရင်တွေရဲ့သမိုင်းကိုလှပစေမှာဖြစ်တယ်။

ကေအင်ယူနဲ့ ဒီကေဘီအေတာဝန်ရှိသူများတွေ့ဆုံစဉ်

ကရင် လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့သည် ကွဲထွက်ပြီး၁၇ နှစ်အကြာတွင် ပထမဆုံး အကြိမ်အဖြစ် နှစ်ဘက် ခေါင်းဆောင်များ တရားဝင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။


လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

ကရင် နှစ်ဖွဲ့အကြား သမိုင်းဝင်တွေ့ဆုံပွဲဖြစ်ပြီး အတိတ်ကာလအငြိုးအတေးများကို ချေဖျက်ကာ အနာဂတ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် နယ်မြေ ဖွံ့ဖြိုးရေးတို့တွင် ညှိနှိုင်းလုပ်ဆောင်သွားကြရန် သဘောတူခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်သူ KNU တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က ပြောပြသည်။

“အတိတ်ကာလက DKBA ခွဲထွက်သွားတဲ့ ကိစ္စတွေမှာ နှစ်ဘက်အားနည်းချက်ကြောင့်ဖြစ်ခဲ့ပြီး အချင်းချင်း သတ်ဖြတ် ကြတာတွေဟာ သမိုင်းမှာ အမည်းစက်တခုဖြစ်ခဲ့တယ်၊ အဲဒီအပေါ်မှာ သင်္ခန်းစာယူပြီးတော့ အနာဂတ်ကာလမှာ ညီညီညွှတ်ညွှတ်နဲ့ ညှိနှိုင်း လုပ်ဆောင်ကြဖို့ ဆွေးနွေးကြတာပါ”ဟု ဗိုလ်မှူးစောလှငွေ က ဧရာဝတီသို့ ပြောသည်။

ဆွေးနွေးပွဲကို DKBA ကလို့ထူးဘော စစ်ဌာနချုပ်အခြေစိုက် ဆုံစည်းမြိုင်ရွာတွင် ကြာသာပတေးနေ့က ကျင်းပခဲ့ကြပြီး KNU မှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ၊ ဒုတိယ စစ်ဦးစီးချုပ် ဖလော်ခို တို့ ဦးဆောင်တက်ရောက်ကြောင်း၊ DKBA မှ ဗိုလ်ချုပ် စော လားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေးက ဦးဆောင် တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

ထိုဆွေးနွေးပွဲသို့ နိုင်ငံတကာရောက် ကရင်တိုင်းရင်းသား အချို့လည်း တက်ရောက်ခဲ့ကြပြီး ကရင်နှစ်ဖွဲ့က ၎င်းတို့ အနေဖြင့် ကရင် အမျိုးသားအလံ တခုတည်းအောက်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

နှစ်ဘက်တပ်များအကြား အတိတ်ကာလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကြားကာလတွင်လည်း နားလည်မှုလွဲမှားကာ ကြိုကြား တိုက်ပွဲများ ရှိခဲ့ကြောင်း၊ ထိုဖြစ်စဉ်များကို ယခုဆွေးနွေးပွဲမှ သင်ပုန်းချေလိုက်ပြီဖြစ်ပြီး အနာဂတ်ကာလတွင် နှစ်ဖွဲ့ အကြား တိုက်ပွဲပဋိပက္ခများ ရှိတော့မည်မဟုတ်ဘဲ တရားဝင်အပစ်ရပ်စဲလိုက်ပြီဖြစ်၍ ညီနောင်တပ်များကဲ့သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာမှုများရှိတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုသည်။

နှစ်ဘက်တပ်များအကြား ကွဲထွက်ပြီးနောက် ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးမှုမျိုးမရှိခဲ့ဘဲ အောက်ခြေအဆင့်များဖြင့် ကြိုကြား တွေ့ဆုံခဲ့မှုများသာ ရှိခဲ့သည်ဟု DKBA နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံ ကလည်း ပြောပြသည်။

“ဗဟိုအဆင့်အနေနဲ့ တရားဝင်တွေ့ဆုံတာ ဒါပထမဆုံးပါ။ အရင်ကမတွေ့ခဲ့ဖူးသေးဘူး။ ဒီတွေ့ဆုံပွဲဟာ တကယ့်ကို ရာဇဝင် သမိုင်း တွင်တဲ့ နေ့တနေ့ပေါ့။ ကျနော်တို့ နှစ်ဖွဲ့အကြား ပြန်လည်ပြီးတော့ နားလည်မှုယူတဲ့နေ့လို့ ပြောလို့ရပါတယ်”ဟု ဗိုလ်မှူး စောလုံလုံ က ဧရာဝတီ သို့ ပြောသည်။

DKBA သည် ၁၉၉၅ တွင် KNU မှ ခွဲထွက်ခဲ့ပြီး အစိုးရနှင့်ပူးပေါင်းကာ KNU ကိုပြန်လည်တိုက်ခိုက်ခဲ့သည်။ KNU မှ ခွဲထွက်လာ သည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့လည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်ထဲတွင်ပင် ယခင်စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ခဲ့သော်လည်း၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတွင် အစိုးရက နယ်ခြေားစောင့်တပ် အသွင်ပြောင်းမှုကို လက်မခံခဲ့သဖြင့် ငြိမ်းချမ်းရေးပျက်ပြားကာ အစိုးရနှင့် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။

KNU အနေဖြင့် ယခုလ ၆ ရက်နေ့က ၂၀၀၇ ခုနှစ်တွင် ၎င်းတို့ထံမှ ခွဲထွက်သွားသော ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့်လည်း နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ဗိုလ်မှူး စောလှငွေက ပြော သည်။

ထို့အတူ DKBA ကလည်း ဗိုလ်ချုပ်ထိန်မောင် အဖွဲ့နှင့် မကြာမီရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ဗိုလ်မှူး စောလုံလုံ က ပြောသည်။

နားလည်မှုရယူခဲ့ကြသည့် အဆိုပါ ၃ ဖွဲ့သည် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားကြပြီး ဖြစ်သည်။

၂၀၁၀ သြဂုတ်လ ၁၈ ရက်နေ့က နယ်ခြားစောင့်တပ်အသွင်ပြောင်းပြီး မြန်မာအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် အမှုထမ်းနေကြသည့် ဥက္ကဋ္ဌ စောသာထူးကျော်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး စောချစ်သူ တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိပြီး ကြိုးစားဆက်သွယ်သွားကြမည်ဟုလည်း KNU နှင့် DKBA တို့အနေဖြင့် ဆိုသည်။

KNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။

ကိုးကား : http://burma.irrawaddy.org/archives/7032

DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တို့ကို KNU သွားရောက်တွေ့ဆုံ

မတ်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ကရင်လက်နက်ကိုင်အဖွဲ့ချင်းချင်း ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်၍ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA နှင့် ဗိုလ်ချုပ်စောထင်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့ကို ကရင်အမျိုးသားအစည်းအရုံး-KNU က ယခုအပတ်အတွင်း သွား ရောက်တွေ့ဆုံခဲ့သည်။

KNU ဘက်မှ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေ၊ ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးအော်လစ်ဗာတို့ ဦးစီးသည့်အဖွဲ့က KNU/ KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မယ်လာထာ့ရှိ ဗိုလ်ချုပ်ထင်မောင်၏ နေအိမ်၌ ယခု မတ်လ ၆ရက် နေ့ကလည်းကောင်း၊ DKBA အဖွဲ့ကို မြ၀တီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ယမန်နေ့ကလည်းကောင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

KNU တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အခု တွေ့ဆုံမှုက မိသားစု ပြန်လည်တွေ့ဆုံမှု ပုံစံမျိုးပါပဲ။ နိုင်ငံရေးအရ အခြားအ ထွေအထူး ဆွေးနွေးတာမျိုး မရှိသေးပေမဲ့ အရင်က ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကို အပြန်အလှန် ကျေအေးကြပြီး သင်ပုန်းချေလိုက်ကြဖို့ တွေ့ဆုံကြတာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို တွေ့ဆုံမှုတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ထင်မောင်က KNU အနေဖြင့် မြန်မာအစိုးရနှင့် လုပ်ဆောင်နေ သည့် ကိစ္စရပ်များကို ထောက်ခံအားပေးကြောင်း ပြောဆိုသကဲ့သို့ DKBA မှ ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင်ကလည်း နိုင်ငံရေးနှင့် ပတ်သက် ၍ KNU ၏ ဦးဆောင်မှုကို လက်ခံကြောင်း ပြောဆိုခဲ့ကြသည်ဟု ဗိုလ်မှူးစောလှငွေက ဆိုသည်။

တဆက်တည်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ အချင်းချင်း ခိုင်မာသည့် ဆက်ဆံရေး အပြန်အလှန် ယုံကြည်မှုတည်ဆောက်၍ ကရင့် အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူ ၄ချက်အပေါ်တွင် အမျိုးသားရေးကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြရန် ၎င်းတို့အား လုံး သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU ၊ DKBA နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေး ပဏာမ သဘောတူညီချက်စာချုပ် လက်မှတ်ထိုးပြီးနောက်ပိုင်း ၎င်းတို့၏ သက်ဆိုင်ရာအဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များ ပထမ ဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

DKBA ၏ ပြည်ပဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောလုံ့လုံက KNU ဗဟိုမှ ထိပ်တန်းခေါင်းဆောင်များ အပါအ၀င် ကိုယ်စားလှယ်များနှင့် ယခုလို တွေ့ဆုံဆွေးနွေးခဲ့ရသည့်အပေါ် ကရင်အမျိုးသားများအကြား သမိုင်းဝင်သည့် နားလည်မှုများ ပိုမိုရရှိသည့်အပြင် အကျိုးရလဒ် များစွာလည်း ရရှိခဲ့သည်ဟု ပြောဆိုသည်။

“အခုလို ကျနော်တို့ကို လာတွေ့တာ အရမ်းကောင်းတယ်။ နားလည်မှုတွေ၊ ပွင့်လင်းမှုတွေ ပိုရသွားတယ်။ ရှေ့ဆက် မြန်မာအစိုးရနဲ့ လုပ် မယ့် နိုင်ငံရေး ဆက်လက် ဆွေးနွေးမှုတွေမှာ (KNU)နဲ့ပဲ လက်တွဲသွားဖို့လည်း ကျနော်တို့ သဘောတူမယ်။”ဟု ပြောသည်။

၎င်းတို့ အဖွဲ့နှစ်ဖွဲ့ကို သွားရောက်တွေ့ဆုံခဲ့သည့် KNU တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေ၊ ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောအော်လစ်ဗာနှင့် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးနှင့် အမေရိကန်နိုင်ငံရောက် မန်းကီးဒိုဇန် (ရောဘတ်ဘဇန်) အပါအ၀င် သြစတြေးလျားနှင့် ကိုရီးယားနိုင်ငံမှ ကရင်ခေါင်းဆောင်အချို့လည်း လိုက်ပါသွားခဲ့သည်ဟု သိရသည်။

KNU သည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီ ၁၂ရက်နေ့တွင်လည်းကောင်း၊ KNU/KNLA ငြိမ်းချမ်းကောင်စီအဖွဲ့သည် ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင်လည်းကောင်း၊ DKBA သည် ၂၀၁၁ခုနှစ် နိုဝင်ဘာ (၃)ရက်နေ့တွင်လည်းကောင်း မြန်မာအစိုးရနှင့် ပဏာမ အပစ်အခတ် ရပ် စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။

0 comments:

Post a Comment