Friday, February 3, 2012

Posted by manphosan | File under :

အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲ​နောက်ဆုံး​နေ့​ ပွဲစဉ်​တွေကို ဇန်နဝါရီလ ၈ ရက်​နေ့​က ရန်ကုန်မြို့​ အမျိုး​သား​အား​ကစား​ပြိုင်ပွဲရုံ ၁ မှာ ကျင်း​ပ ပြုပ်လုပ်ခဲ့​ပြီး​ ​အောင်လံဆုအတွက် ဗိုလ်လုပွဲ ၄ ပွဲနဲ့​ စိန်​ခေါ်ပွဲ ၄ ပွဲ စုစု​ပေါင်း​ ပွဲစဉ် ၈ ပွဲ ပါဝင်ခဲ့​ပါတယ်။

ဝမ်ချိုင်းနှင့် ရွှေဝါထွန်းဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲ​တွေ အ​ကြောင်း​မ​ပြောခင် ပရိသတ်အြကိုက် ​တွေ့​ခဲ့​တဲ့​ စိန်​ခေါ်ပွဲစဉ်ကို ဦး​စွာ တင်ပြလိုပါတယ်။ မြန်မာပြည် ချန်ပီယံ​ဟောင်း​တွေ ဖြစ်ကြတဲ့​ သထုံ​ရွှေဝါထွန်း​နဲ့​ ဝမ်ချိုင်း​(မြဝတီ)တို့​ရဲ့​ ပွဲစဉ်ကို ပရိတ်သတ် စိတ်ဝင်တစား​ ​စောင့်​ကြည့်​ခဲ့​ကြပီး​ ​စောင့်​ကြည်ရကျိုး​နပ်ခဲ့​တဲ့​ ပွဲစဉ်တပွဲ ဖြစ်ခဲ့​ပါတယ်။မြန်မာပြည် ချန်ပီယံအြဖစ် ၁၂ နှစ်တိုင် ရပ်တည်ခဲ့​သူ ​ရွှေဝါထွန်း​ဟာ အသက် ၅၀ ​ကျော်ပြီ ဆို​ပေမယ့်​ သူ့​ရဲ့​ လက်​ဝှေ့​ အရည်အ​သွေး​ မပျက်စီး​သေး​ကြောင်း​ သက်​သြေပ သွား​နိုင်ခဲ့​တယ်။ ​ရွှေဝါထွန်း​ရဲ့​ ဘယ်​ထောက် လက်သီး​ထိုး​ချက်​တွေ လှပ​သေသပ်ဆဲ ဖြစ်သလို၊​ ချုပ်ဒူး​တိုက်ချက်၊​ တံ​တောင်ရိုက်ချက်​တွေကလည်း​ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ ဆိုတာ ဒါပါလား​လို့​ ​ငေး​ယူရ​လောက်​အောင် ပညာသား​ ပါလှပါတယ်။ တချိန်က မြန်မာ့​ရိုး​ရာလက်​ဝှေ့​ရဲ့​ အ​ကောင်း​ဆုံး​လူ ဖြစ်ခဲ့​သူ ဝမ်ချိုင်း​ကလည်း​ ငယ်မူငယ်​သွေး​ပြကာ ထိုး​လုံး​သတ်ကွက် 
ကောင်း​အခိျု့​ကို ပြသနိုင်ခဲ့​လို့​ ၃ ချီ ယှဉ်ပြိုင်မှူအြပီး​မှာ သ​ရေပွဲအြဖစ် ပြီး​ဆုံး​ခဲ့​တာ ဖြစ်ပါတယ်။

စိန်​ခေါ်ပွဲစဉ်များ​ ယှဉ်ပြိုင်အြပီး​ ဒုတိယတန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲကို ဆက်လက် ကျင်း​ပရာမှာ ​တောင်က​လေး​ကလပ်ရဲ့
လက်​ဝှေ့​သမား​ ​ရွှေသိန်း​အောင်က သ​ပြေညို(ဘိလပ်​မြေစက်ရုံ)ကို အမှတ်ပြတ်နဲ့​ အနိုင်ရသွား​ပါတယ်။ သ​ပြေညိုရဲ့​ ညာဝိုက်လက်သီး​ကြောင့်​ ဒုတိယအချီမှာ ​ရွှေသိန်း​အောင် အမှတ်စဉ် ​ရေတွက်ခံခဲ့​ရ​ပေမယ့်​ ကျန်အချီ​တွေမှာ လက်စဇဇွမ်း​ပြနိုင်ခဲ့​လို့​ ဒုတိယတန်း​အောင်လံရှင် အြဖစ်ထိုက်ထိုက် တန်တန် ဗိုလ်စွဲသွား​တာ ဖြစ်ပါတယ်။

အထူး​ဒဂုံ​ရွှေ​အောင်လံဗိုလ်လုပွဲ ဒီ​ခေါင်း​စဉ်​အောက်မှာ ယှဉ်ပြိုင်ခဲ့​ကြသူ​တွေက ဝင်း​ထွန်း​(မြန်မာ)နဲ့​ မာဆွတ်(အီရန်)တို့​ဖြစ်ပါတယ်။ မာဆွတ်ဟာ ထိုင်း​ဘုရင့်​ဖလား​​ ​မွေထိုင်း​ပြိုင်ပွဲရဲ့​ ချန်ပီယံတဦး​လို့​ သိရြပီး​ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ ၄ ရက်​နေ့​က မန0x081တ​လေး​မြို့​မှာ စိုး​လင်း​ဦး​ကို အသာစီး​က​နေ ယှဉ်ပြိုင်နိုင်ခဲ့​လို့​ ပရိတ်သတ် စိတ်ဝင်စား​ခံရတဲ့​ လက်​ဝှေ့​သမား​ ဖြစ်ပါတယ်။နှောခါင်းရိုးကျိုးသွားသည့် မာဆွတ်ဒါ​ပေမယ့်​ မာဆွတ်နဲ့​ ဝင်း​ထွန်း​တို့​ရဲ့​ ပွဲစဉ်ဟာ ​မျှော်လင့်​သလို ပွဲ​ကောင်း​တပွဲ မြဖစ်ခဲ့​ပါဘူး။ ပြိုင်ထိုး​ ဆိုင်ထိုး​တာမျိုး​ မရှိခဲ့​ဘဲ ချိန်ဆ​နေတာနဲ့​ပဲ အချိန်ကုန်​နေလို့​ ကြိုး​ဝိုင်း​ဒိုင်ဟာ လက်​ဝှေ့​သမား​ ၂ ဦး​လုံး​ကို အချိန်ဆွဲ မ​နေဘဲ ထိုး​ဖို့​ သတိ​ပေး​မှူ​တွေ ပြုလုပ်ခဲ့​ရပါတယ်။ စတုတ0x081ထ အချီမှာ နှစ်ဦး​လုံး​ထွေး​ လဲကျရာမှာ ဝင်း​ထွန်း​ရဲ့​ တံ​တောင်နဲ့​ ထိမိပြီး​ မာဆွတ် နှာ​ခေါင်း​ရိုး​ကျိုး​သွား​လို့​ ​ဆေး​ရှုံး​အြဖစ် အရှုံး​ပေး​လိုက်ရပါတယ်။

ပထမတန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲမှာ​တော့​ ရုရှား​လက်​ဝှေ့​သမား​ ဆာရီ​ကော့​ဗ်ကို မြန်မာလက်​ဝှေ့​သမား​ ရန်နိုင်​အောင် မယှဉ်နိုင်​အောင်ဖြစ်ခဲ့​ပြီး​ မြန်မာ့​လက်​ဝှေ့​ သိက0x081ခာ ကျရတဲ့​ပွဲစဉ် ဖြစ်ခဲ့​ပါတယ်။ ဆာရီ​ကော့​ဗ်က လက်သီး​တွဲလုံး​တွေ၊​ ဒူး​တိုက်ချက်၊​ တံ​တောင်ရိုက်ချက်​တွေနဲ့​ ရန်နိုင်​အောင်ကို အထိနာ​စေခဲ့​ပြီး​ အမှတ်နဲ့​ ဆုံး​ဖြတ်ရာမှာ ဒိုင် ၅ ဦး​လုံး​ရဲ့​ အနိုင်​ပေး​မှုကို ရရှိပြီး​ ပထမတန်း​ ဒဂုံ​အောင်လံဆုကို ရယူသွား​တာ ဖြစ်ပါတယ်။

အလွတ်တန်း​ ဒဂုံ​ရွှေ​အောင်လံ ဗိုလ်လုပွဲ ၂၀၀၉ မှာ စတင်ကျင်း​ပခဲ့​တဲ့​ ဒဂုံ​ရွှေ​အောင်လံ မြန်မာ့​ရိုး​ရာလက်​ဝှေ့​ပြိုင်ပွဲမှာ ​စောငမန်း​ဟာ ၃ ကြိမ်ဆက် ဗိုလ်စွဲထား​သူ ဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း​ ချန်ပီယံဘွဲကို ဆက်ထိန်း​နိုင်ခဲ့​လို့​ ၄ ထပ်ကွမ်း​ ချန်ပီယံ ဖြစ်လာပါတယ်။ ဒါ​ပေမယ့်​ မက်ဆီဒိုး​နီး​ယား​ လက်​ဝှေ့​သမားဒါဗစ်နဲ့​ ယှဉ်ပြိုင်ရာမှာ ​စောငမန်း​က အမှတ်ပြတ်နဲ့​ အမှန်တကယ် အနိုင်ရသင့်​သလား​ ဆိုတာက​တော့​ ​မေး​ခွန်း​ထုတ်စရာ ဖြစ်ခဲ့​ပါတယ်။စောငမန်း​ရဲ့​ လက်သီး​တွဲလုံး​အခိျု့​ ဒါဗစ်ကို ထိခဲ့​ပြီး​ လူချင်း​အပူး​မှာ ​စောငမန်း​ရဲ့​ ​ခေါင်း​ဆတ်မှု​တွေကလည်း​ ထိ​ရောက်မှုရှိခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ဒါဗစ်ရဲ့​ညာဝိုက်​ကြောင် ​စောငမန်း​ ဘယ်မျက်လုံး​ ပိတ်လုဖြစ်ခဲ့​တာ၊​ လူချင်း​ ပူး​သွား​တိုင်း​ ဒါဗစ်ကသာ ကိုင်​ပေါက်နိုင်ခဲ့​တာ​တွေ​ကြောင့်​ ​စောငမန်း​ အသာရတယ်လို့​ မဆိုနိုင်ပါဘူး​။

ဒါ​ပေမယ့်​ အမှတ်​ပေး​ဒိုင် ၅ ဦး​လုံး​က ​စောငမန်း​ အနိုင်အြဖစ် ဆုံး​ဖြတ်ခဲ့​ကြတာ ဖြစ်ပါတယ်။ဒီပွဲကို လာ​ရောက်ကြည့်​ရှုခဲ့​တဲ့​ မြန်မာလက်​ဝှေ့​ ဝါသနာရှင်တဦး​က​တော့​ “​စောငမန်း​ ကို အား​လုံး​က အနိုင်​ပေး​ခဲ့​တာ အံ့​ဩစရာပါ။ မြန်မာလက်​ဝှေ့​မှာ ဖမ်း​ချုပ်ကိုင်​ပေါက်တဲ့​ သတ်ကွက်ကို ထိ​ရောက်တဲ့​ သတ်ကွက်အြဖစ် အမှတ်​ပေး​ပါတယ်။ ဒါဗစ်က ငမန်း​ကို ၃ ကြိမ်​လောက် ကိုင်​ပေါက်ခဲ့​တာ အား​လုံး​ အသိပါ။ မြန်မာလက်​ဝှေ့​သမား​တွေဟာ ဒီဒဂုံ​ရွှေ​အောင်လံပြိုင်ပွဲမှာ လက်စွမ်း​အရ နိုင်ငံခြား​သား​တွေကို အသာမရခဲ့​တာ သိသာပြီး​ မြန်မာ အမှတ်​ပေး​ဒိုင်​တွေရဲ့​ ဆုံး​ဖြတ်မှုကလည်း​ ဂုဏ်သ0x081ခိကာအရ အရှုံး​ပြခဲ့​တယ်လို့​ ဆိုရမှာပါ”လို့​ ဖွင့်​ဟသွား​ပါတယ်။

by နေမင်းသစ်

0 comments:

Post a Comment