Showing posts with label video. Show all posts
Showing posts with label video. Show all posts

Thursday, April 5, 2012

Posted by manphosan | File under : ,
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်

ဧပြီလ ၅ရက်။ ၂၀၁၂ခုနှစ်။ နန်းဖောဂေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် ယနေ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီတွင် တွေ့ဆုံခဲ့ရာ လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဘားအံမြို့ သုမေဓာရာမ တောရဘုန်းတော်ကြီးကျောင်း၌ မနက် ၈နာရီမှ ၁၀း၃၀နာရီအထိ ပြုလုပ်သည့် ထိုတွေ့ဆုံပွဲတွင် ကရင်ငြိမ်းချမ်းရေး ကော်မတီ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ကရင်ပါတီမှ ခေါင်းဆောင်များ၊ ကရင်ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုမှ လူထုကိုယ်စားလှယ်များ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းမှ ကရင်လူထု ကိုယ်စားလှယ်များက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် ကေအဲန်ယူအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လူထုအား ရှင်းလင်းပြောကြားခဲ့သည်။

သူမက “အခုတွေ့ဆုံခြင်းဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်တယ်။ ဒီတွေ့ဆုံမှုဟာ ဇန်န၀ါရီ ၁၂ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမှု ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်လုပ်ဆောင် တဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်။ ကျမတို့ ကေအဲန်ယူအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်ယူပြီး တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားမယ်။ အဲဒီအပေါ်မှာ ကေအဲန်ယူတဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ ကရင်အမျိုးသား တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ ကေအဲန်ယူအနေနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကို လိုအပ်တယ်၊ လိုလားတယ်ဆိုတာကို ပြောချင်တယ်။” ဟု ပြောသည်။

ထို့အပြင် နော်စီဖိုးရာစိန်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို တစ်မျိုးသားလုံး၏ အရေးဖြစ်တာမို့ လူတိုင်းနှင့် သက်ဆိုင်သည့်အတွက်ကြောင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အတည်ဖော်တဲ့နေရာမှာ လူထုတွေအားလုံး ပါဝင်ကြဖို့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့်လူထုများအား တိုက်တွန်းနိုးဆော်ခဲ့သည်။

ထိုတွေ့ဆုံပွဲကို တက်ရောက်လာသည့် ကေပီစီ နာယာက တောင်ကလေးဆရာတော် ဦးပညာသာမိက “ကရင့် တော်လှန်ရေးဟာ ကရင်အမျိုးသားတွေပဲ လုပ်ရမယ်။ အခြားလူမျိုးတွေ ၀င်လုပ်ပေးစရာမလိုဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ ဘယ်သူမဆို သတ်တိရှိရမယ်။ အရာရာကို လုပ်ဆောင်ရဲမှပဲ ပန်းတိုင်ကို ရောက်မယ်။”ဟု လူထုအား မိန့်ကြားအမှာစကားပြောသွားသည်။

ယနေ့ တွေ့ဆုံပွဲတွင် မြန်မာအစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသော်လည်း လူထုတွေအနေဖြင့် ကရင်အလံများ ကို ဝှေ့ရမ်းပြီး ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေး ပြောဆိုခွင့် အပြန်အလှန် နှုတ်ဆက်ခွင့် ရရှိခဲ့သည့်အတွက် ဝမ်းသားအားရကြကြောင်း မြို့ခံကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဘားအံမြို့ခံ ကရင်အမျိုးသမီး နန်းမြင့်အေးက “ဒီလို ပြုလုပ်ခွင့်ရတာ ကျေနပ်အားရတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်တာ ၀မ်းသာတယ်။ ငြိန်းချမ်းမှုကို ကျမတို့ လိုလားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ထိုလူထုတွေ့ဆုံပွဲအပြီးတွင် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဘားအံမြို့ရှိ နှစ်ချင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်းသို့ သွားပြီး ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် နေ့လည် ၁၁နာရီကျော်အချိန်တွင် ဘားအံမြို့မှ ထွက်ခွာခဲ့ပြီး လက်ရှိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တည်းခိုနေကြသည်။

ယနေ့ညနေ ညစာစားပွဲ မစားခင် ၇း၀၀နာရီခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ သည် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ပြည်တွင်းရှိ သတင်းထောက်များ၊ နိုင်ငံတကာ သတင်းထောက်များ၊ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် တွေ့ဆုံကာ ဦးအောင်မင်းက ကေအဲန်ယူနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဖြစ်စဉ် တဆင့်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။

ဦးအောင်မင်း “တချို့လူတွေက ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ စောတယ်။ တချို့ နောက်ကျတယ်လို့ ပြောကြတယ်။ ဒီနှစ်ပေါင်း ၆၀ကျော် ကြာမြင့်တဲ့ကိစကြီးကို တထိုင်တည်းနဲ့ တနိုင်တပိုင်ဖြေရှင်းလို့ မရပါဘူး။ တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီမှာ ရှိတဲ့ ကရင်တိုင်းရင်းသားတွေအားလုံးက ထာဝရငြိမ်းချမ်းရေး ရရှိအောင် မဖြစ်မနေ ဆောင်ရွက်သွားကြမယ်ဆိုတာ ကတိပြုပြီးသားဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထာဝရငြိမ်းချမ်း ရေး မရောက်ရောက်အောင် ဆောင်ရွက်သွားမယ်။”ဟု သတင်းထောက်များအား ပြောဆိုသွားသည်။

ထိုတွေ့ဆုံပွဲတွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိတ်က “ကျမတို့ အခု လာဆွေးနွေးတယ် ဆိုတာက ပြီးခဲ့တဲ့ ပဏာမဆွေးနွေးပွဲကို ဆက်လက်အကောင်အထည်ဖော်ဖို့ကို ကျမတို့ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ လာရောက်ဆွေးနွေးတာဖြစ်တယ်။ အခု ငြိမ်းချမ်းရေးကလည်း ကရင်အမျိုးသား တခုတည်းမဟုတ် ဘူး။ တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက်ဖြစ်တယ်။”ဟု ဆိုသည်။

ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။


ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်လူမှုအဖွဲ့အစည်းများတွေ့ဆုံ (ဓါတ်ပုံ)

(အဲခါန် )
ဘားအံမြို့ သုမေဓာရာမကြားတောရဘုန်းတော်ကြီး ကျောင်းတွင် ယနေ့မနက်၌ ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်လူမှုအဖွဲ့အစည်းများတွေ့ဆုံစဉ်။ (Photo-KIC)










မြန်မာအစိုးရနှင့် ကေအဲန်ယူငြိမ်းကိုယ်စားလှယ်များဆွေးနွေးပွဲ - ဖားအံ့မြို့  (ရုပ်သံ)ကို ကွယ်ကလုသင်းဌာန
မှတင်ဆက်သည်။


ရုံးတာဝန်ခံ နော်မေဦး






KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ အာဏာပိုင်များ မိတ်ဆက်ဧည့်ခံပွဲတခုကို ကြာသပတေးနေ့ ညနေ ခြောက်နာရီခွဲက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

သောကြာနေ့ မနက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည့် နှစ်ဖက်ကိုယ်စားလှယ်များအပြင် အနောက်နိုင်ငံ သံအရာရှိများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း KNU ကိုယ်စားလှယ် အဖွဲ့မှ ပြောခွင့်ရ နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

“ထွေထွေထူးထူးတော့ မရှိပါဘူး။ မိတ်ဆက် တွေ့ဆုံပွဲလေးပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတချို့ရယ်၊ စင်္ကာပူ၊ အမေရိကန်နဲ့ အီးယူနိုင်ငံတချို့က သံတမန် ဧည့်သည်တွေရယ်၊ ရန်ကုန်တဝိုက်က ကရင်အမျိုးသား ခေါင်းဆောင်
တွေရယ် တက်ရောက်ကြပါတယ်” ဟု ပြောသည်။
KNUinsedonar1

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးရန်အတွက် ရောက်ရှိနေသော KNU ကိုယ်စားလှယ်အဖွဲ့နှင့် မိတ်ဆက်ဧည့်ခံပွဲတွင် ရန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဝဲ)၊ KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် (အလယ်)နှင့် နော်မေဦးမုတြော် (ယာ)တို့အား ဧပြီလ ၅ ရက်နေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ တက်ရောက်ပြီး KNU ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူး
နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ ဦးဆောင်ပါဝင်ကြသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အဲန်ဂျီအိုများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅ဝ ခန့် တက်ရောက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောသည်။

သောကြာနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့အပြင် အခြားဝန်ကြီးများလည်း တက်ရောက်ဖွယ်ရှိပြီး ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

KNU ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သဘောထားဖလှယ်ရန် စီစဉ်ထားကြောင်းလည်း နော်မေဦးမုတြော် က ပြောသည်။

“အခု ကျမတို့ KNU က လုပ်နေတဲ့ ကိစ္စတွေပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက်က NLD ကလည်း ရပ်တည်မှုတခု ဖြစ်တယ်။ ကျမတို့ KNU က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စကားပြောနေတယ်ဆိုတော့ သဘောထား
တွေ ဖလှယ်ဖို့၊ ပိုသိအောင်လို့ မိတ်ဆက်ပဲ ဖြစ်ပါတယ်” ဟုပြောသည်။

ယခင်က NLD နှင့် စာရေးဆက်သွယ်မှုများ ရှိခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲတွင် NLD အပေါ် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပါဝင်
ပေးနိုင်မလဲ ဆိုတာကတော့ NLD ကို ကျမတို့ မေးရမှာပဲ။ ဒါပေမယ့် NLD ကို ပါဝင်သင့်တယ်လို့ ကျမတို့ မြင်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လူတဦးတယောက် အဖွဲ့အစည်းတခုရဲ့ တာဝန်လည်း မဟုတ်ဘူး။ သူတို့ပါ ပါမှဖြစ်မယ်။ လက်လှမ်းမီသလောက် လိုက်ပြီးဆွေးနွေးတာပါပဲ” ဟု နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်သွား မည်ဟု တင်ပြထားပြီး တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။

ဇန်နါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ် မူတူးဆေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ လက်မှတ်
ရေးထိုးခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံဆွေးနွေးရန်အတွက် ယခုတကြိမ် ထပ်မံတွေ့ဆုံကြခြင်း
ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် ပဲခူးတိုင်းအတွင်းသို့ သွားရောက်ကာ အင်္ဂါနေ့တွင်မှ ဘားအံသို့
ပြန်လည်ထွက်ခွါကြမည် ဖြစ်ကြောင်း သိရသည်။

Tuesday, March 27, 2012

Posted by manphosan | File under : ,
ပဒိုမန်းငြိမ်းမောင်ရဲ့ ဖြစ်စေချင်တဲ့ဆန္ဒလေးတွေကို နားထောင်ကြည့်ပါ။ တစ်ချို့က မကြိုက်တာလဲပါမယ်။ သူ့အဖြေ
ကို ကြိုက်တဲ့သူလဲပါမယ်။ ဘာပြောပြောဒို့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြစ်ချင်တဲ့ဆန္ဒကို အလေးအနက်ထားဖို့
တော့လိုမယ်။ သူတို့လုပ်ခဲ့တဲ့လက်တွေ့အတိုင်းအတာနဲ့ ငါတို့မယှဉ်နိုင်ဘူးဆိုတာ နောက်လိုက်များသိထားရမယ်။
ဒါပေမယ့် ငါတို့နောက်လိုက်များဟာ သူတို့ထက်မလုပ်နိုင်ဘူးဆိုရင် အော်ရုံ၊ ရေးရုံနဲ့တော့ လက်တွေ့ဖြစ်လာဖို့က
ကဗျာဆန်လွန်းလေမလားပဲ။

Tuesday, March 13, 2012

Posted by manphosan | File under :
အားလုံးသောညီ၊ကို မောင်နှမများတို့ အခုဗွီဒီယိုဖိုင်ထဲမှာ ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီမူဝါဒ
အကြောင်းကိုကြားကြမယ်ထင်ပါတယ်။ ကျနော်အမြင်အရပြောရရင် မြန်မာလူမျိုးထဲတွင် ပုဂ္ဂိုလ်နှစ်မျိုးနှစ်စား
ရှိတယ်လို့ယူဆပါတယ်။ တစ်မျိုးက လူတိုင်းအခွင့်အရေးကိုနားလည်သဘောက်ပေါက်ကြတယ်။ လေးစား
တယ်။ နောက်တစ်မျိုးက အမျိုးစွဲ၊ ၀ါဒစွဲပြီး သူတစ်ပါးရဲ့အခွင့်အရေးကို လုံးဝဂရုမစိုက်သူများဖြစ်ပြီး မြန်
မာတစ်နိုင်ငံလုံးကို သူတို့လူမျိုးဖြင့်သာအုပ်စိုးစေချင်တယ်။ ဒါဆို ကျနော်တို့အခြားတိုင်းရင်းသားတွေက
ဘယ်အုပ်စုရွေးမလဲ။ အခြေအနေအရ ရွေးကိုရွေးရမယ့်သဘောရှိနေတာလဲဖြစ်တယ်။ ဒါဆို အခွင့်အရေး
ကို သိမြင်လေးစားပြီး ဖယ်ဒရယ်ပြည်တောင်စုရဲ့သဘောကို နားလည်တဲ့အုပ်စုနဲ့ ကျနော်လက်တွဲမှ အ
ဆင်ပြေမယ်ဆိုတဲ့သဘောပါပဲဗျာ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီအမြင်လေးများကို နားထောင်ကြည့်စေချင်တယ်။

Posted by manphosan | File under :
လူတိုင်းမှာ သူ့အခွင့်ရေးသူပေးရင် သူ့အစွမ်းအစနဲ့သူတော့ရှိကြတာချည်းပဲ။ အခုဒီလက်ဝှေ့ပွဲဟာလဲ လူပု
လေးများသာဆိုပေမယ့် ပရိသတ်တွေရဲ့အကြိုက် သူတို့နှစ်ယောက်ဖျော်ဖြေကြတာတွေ့နိုင်ပါတယ်။ ဒါဟာ
လူတိုင်းရဲ့အခွင့်အရေးကို ဖန်တီးပေးဖို့ပဲလိုတယ်မလား။

Saturday, March 10, 2012

Posted by manphosan | File under :
ဒီဗွီဒီယိုဖိုင်သည် လွန်ခဲ့တဲ့နှစ်တုန်းက KNU,DKBA,KNLA ပူးပေါင်းတပ်တွေက ကနဲလေးမှာရှိတဲ့
စစ်တပ်စခန်းကို ၀င်ရောက်တိုက်ခိုက်တဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ မကြည့်ရသေးသောပုဂ္ဂိုလများအ
အတွက် အလွယ်တကူပြန်ကြည့်နိုင်အောင် တင်ပေးလိုက်တယ်။

Sunday, March 4, 2012

Posted by manphosan | File under :
ကျနော်လဲ ကြုံကြိုက်တာနဲ့ မြိုင်ကြီးငူ (ကျုံထော်)ရေတံခွန်သို့ အလည်တခေါက်ရောက်ခဲ့ပါတယ်။
ကျုံထော်ရေ တံခွန်သည် မြိုင်ကြီငူမှ ထိုင်းနိုင်ငံရှိ မဲဟောင်ဆောင်သွားတဲ့ လမ်းပေါ်မှာတည်ရှိပါတယ်။
ရေတံခွန်ရှိတဲ့နေရာ ပဲဆိုပြီး သွားရတာလွယ်တယ်လို့တော့မထင်နဲ့ဗျာ။ ရေတံခွန်ကိုသွားဖို့ four wheel ဖေါဝိလ်ကားနဲ့တက်မှရတယ် ဗျာ။ ရိုးရိုးကားဆိုရင် မစဉ်းစားနဲ့ပြန်ပေတော့။ မဲဟောင်ဆောင်
ကနေ ထိုင်းနိုင်ငံကူးလာတဲ့လူတွေဆို အဲဒီလမ်း ကိုအကြောင်းစုံသိပါလိမ့်မယ်။

ကျနော်ရောက်တုန်းကတော့ မြိုင်ကြီးငူမှာ ကားချိန်းလိုက်ပြီး four wheel လိုက်လာခဲ့ပါတယ်။
မြိုင်ကြီးငူကနေ ၅ ကီလိုတာ တောင်ကြားချောင်းတနေရာမှာ ကားဆရာပြောပြတာက အရင်ဒီနေ
ရာမှာ နယ်ခြားစောင့်တပ်တွေရှိ သော်လည်း အခုချိန်မှာတောိ့ အဲဒီချောင်းကနေစပြီး မက်သဝေါထိ
DKBA ဗိုလ်ဘိတို့အဖွဲ့ပဲ နေရာယူထားတယ်။

ဒါတော့ အကြမ်းဖျင့်ဒေသန္တရဗဟုသုတပေါ့လေ။မြိုင်ကြီးငူကနေ ကျုံထော်ရေတံခွန်ကိုရောက်ဖို့ ကီလိုမီ
တာ ၂၀ လောက်ရှိမယ်ထင်ပါတယ်။ ရေတံခွန်ရောက် တော့ ဗွီဒီယိုမှာတွေ့တဲ့အတိုင်းပါပဲ။ အဲဒီနေရာ
မှာ အကယ်၍ထိုင်းနိုင်ငံဖြစ်ခဲ့မယ်ဆိုရင် အင်မတန်နေချင်စရာ ကောင်းနေရာတစ်ခုဖြစ်သလို ဒီရေတံခွန်ကြောင့်လဲ ပြည်သူအများလာရောက်လည်ပတ်မှာဖြစ်တယ်။ အခုတော့ မဖွံ့ဖြိုးတဲ့ဒေသဖြစ်
တာရယ် ခရီးခက်ခဲတာရယ်ကြောင့် ကျုံထော်ရေတံခွန်လူသိနည်းပါးရခြင်းဖြစ်ပါတယ်။

တနေ့ တစ်ချိန်တွင် ကျုံထော်ရေတံခွန်သည်အများပြည်သူအတွက်လာရောက်လည်ပတ်တဲ့နေရာတစ်ခု
အမှန်ပင် ဖြစ်လာမယ်လို့….ကျနော် ဒေသန္တရခရီးစဉ်ကနေ စိတ်ထဲမျှော်လင့်နေမိတယ်…

မြိုင်ကြီးငူ (ကျုံထော်)ရေတံခွန်သို့ အလည်တခေါက် Video

Friday, March 2, 2012

Posted by manphosan | File under :
ကျနော်ကြုံကြိုက်လို့ ဒီတတိယကြိမ် ကရင်ရေးရာနှီးနှောဖလှယ်ပွဲ (ဘားအံ) ကို တက်ရောက်ခဲ့ပါတယ်။ ကျနော် ပထမနေ့ကိုပဲတက်ရောက်ခဲ့ပြီး ဒုတိယနေ့ကိုတော့ အချိန်မရတာနဲ့ မတက်ရောက်ဖြစ်ခဲ့ပါဘူး။ အစည်းအဝေးက ဘာတွေဆုံးဖြတ်ခဲ့ကြသလဲဆိုတာ သတင်းတွေမှာပဲပြန်ဖတ်ပြီးမှသိရတာပါ။ ရောက်တုန်းရောက်ခိုက်လေးမှာ ဓာတ်ပုံရိုက် ကေမရာလေးနဲ့ မှတ်တမ်းရအောင်ဆိုပြီး ဗွီဒီယိုရိုက်လိုက်တာ။ ဒါကြောင့်ကွာလတီသိပ်မကောင်း
တာကို နားလည်ပေးစေချင်တယ်။ ဘာပဲဖြစ်ဖြစ် အကဲဖြတ်လို့ရနိုင်တာပေါ့။


Tuesday, February 23, 2010

Posted by manphosan | File under :